Monday, May 21, 2012

မာတီနက်ဇ်ကို နည်းပြသစ် အဖြစ် ခန့်အပ်မှာ စိတ်ပူနေသည့် လီဗာပူးလ် ပရိသတ်များ

လီဗာပူးလ် ပရိသတ်များဟာ ၀ီဂန်နည်းပြ မာတီနက်ဇ်ကို နည်းပြသစ် အဖြစ် ခန့်မှာကို စိတ်ပူနေကြောင်း သိရပါတယ်။လီဗာပူးပရိသတ်တွေဟာလီဗာပူးအသင်းဒါရိုက်တာအိုင်ရန်အေရီကို ဝေဖန် ပြစ်တင်မှုတွေ
 ပြုလုပ်ခဲ့ပြီး နည်းပြဟောင်း ဘင်နီတက်ဇ်ရဲ့ နာမည်ကို သံပြိုင် အော်ဟစ်ခဲ့တာ တွေ့ရပါတယ်။ လီဗာပူး ပရိသတ်တွေဟာ မာတီနက်ဇ်ကို ခန့်အပ်ပါက နည်းပြဟောင်း ရွိုင်းဟော်ဆန် လက်ထက်လို အသင်း ရလဒ်တွေ ဆိုးရွားမှာကို စိုးရိမ်နေတာကြောင့် ကန့်ကွက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရွိုင်းဟော်ဆန်ဟာ လီဗာပူး အသင်းမှာ ပွဲပေါင်း ၃၁ ပွဲသာ ကိုင်တွယ်ခွင့် ရခဲ့တဲ့ သက်တမ်း အတိုဆုံး နည်းပြ ဖြစ်ပါတယ်။ လီဗာပူလ်းဟာ အက်ဖ်အေဖလားနဲ့ ကားလင်းဖလား ဗိုလ်လုပွဲသို့ ရောက်ရှိအောင် ပို့ဆောင် ပေးခဲ့တဲ့ နည်းပြ ဒဲလ်ကလစ်ကို ထုတ်ပယ်ပြီး လူငယ် နည်းပြတစ်ဦး အစားထိုး ခန့်အပ်သွားဖို့ စီစဉ် နေတာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ၀ိဂန်နည်းပြ မာတီနက်ဇ် ၊ ဆွမ်ဆီး နည်းပြ ဘရင်ဒန်ရော်ဂျာ ၊ ချဲလ်ဆီး နည်းပြဟောင်း ဘိုအက်စ်နဲ့ မိုက်ကယ်လောဒရပ်တို့ လီဗာပူး နည်းပြ ဖြစ်လာမယ်လို့ ရေပန်းစားနေပါတယ်။ လီဗာပူး အသင်းဟာ မာတီနက်ဇ်ကို ခေါ်ယူပါက ၀ီဂန် အသင်းကို ပေါင် ၁ သန်း လျော်ကြေး ပေးချေရဖွယ် ရှိကြောင်း သိရပါတယ်။ မာတီနက်ဇ်ဟာ ရာသီ နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲအနိုင်ရအောင် စွမ်းဆောင်ခဲ့ပြီး ၀ီဂန်ကို တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment