Monday, May 21, 2012

ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ စင်္ကာပူကျန်းမာ ရေးဝန်ကြီး တက်ရောက်မည်

စင်္ကာပူကျန်းမာရေး ၀န်ကြီး Gam Kim Yong  ဟာ ဆွစ်ဇာလန်နိုင်ငံ Geneva မြို့မှာ ကျင်းပမယ့် ခြောက်ဆယ့် ငါးကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။
အဆိုပါ ညီလာခံကို မေလ ၂၀ရက်နေ့မှ ၂၄ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး  WHO အဖွဲ့ဝင် ၁၉၄နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးဝန်ကြီးတွေ တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီညီလာခံအတွင်း ကမ္ဘာနဲ့အ၀ှမ်း တုပ်ကွေးရောဂါ ပျံ့ပွားဖြစ်ပွားမှု ကာကွယ်ရေး၊ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနဲ့ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါများ ထိန်းချုပ် ကာကွယ်ရေး တို့ကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုညီလာခံဟာ မစ္စတာ ဂမ် ပထမဆုံး တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေး ညီလာခံဖြစ်ပြီး အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံတွေက ကျန်းမာရေးဝန်ကြီး တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။
MRTV4
 

No comments:

Post a Comment