Monday, May 7, 2012
ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်
နှုတ်ထွက်စာတင်ထားသည်ဟု သတင်းထွက်ပေါ်နေသည့် ဒုသမ္မတဦးတင်အောင်မြင့်ဦး
ပုဒ်မ ၇၃(စ) ။ ။ ဒုတိယသမ္မတတစ်ဦးဦးသည်ရာထူးသက်တမ်းမကုန်ဆုံးမီ နှုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စု အစည်းအဝေး ကျင်းပချိန် ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိ
ုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက် အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။
ပုဒ်မ ၇၃ (ဆ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
The Voice Weekly
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment