ဗီယက်နမ် နိုင်ငံ (ADem Capital) ကုမ္ပဏီနဲ့ မြန်မာ ဆန်စပါး လုပ်ငန်း
အသင်းမှ ဦးဆောင် ဖွဲ့ စည်းမယ့် ကုမ္ပဏီ ဖြစ်တဲ့ မြန်မာ အဲဂရီးဗစ်ဇစ်နက်
ကော်ပိုရေးရှင်းကုမ္ပဏီနဲ့ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ပူးပေါင်း ဆောင်ရွက် သွားမှာ
ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှာ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ADemCapital ကုမ္ပဏီဟာ ပြည်တွင်း လယ်ယာ ကဏ္ဍ
ဆန်စပါး လုပ်ငန်း ဖွံ့ဖြိုးရေး အတွက်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀
ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို လာရောက် ရင်းနှီးမြှုပ်နှံ နိုင်ဖို့ ကိုလည်း နိုင်ငံတော်
သမ္မတကြီးရဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ခရီးစဉ်များ အတွင်း ဗီယက်နမ်
နိုင်ငံကို ရောက်ရှိတဲ့ အချိန်မှာ နှစ်ဖက် နားလည်မှု စာချွန်လွှာ MOUကို
ရေးထိုးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဗီယက်နမ် နိုင်ငံမှ
အမေရိကန် ဒေါ်လာသန်း ၁၀၀ လာရောက် ရင်းနှီး မြှုပ်နှံမှု အတွက် ကိုတော့ ဇွန်လ
အလယ်ပိုင်း လောက်မှာ နှစ်ဖက် တာဝန် ရှိသူများ ညှိနှိုင်းမှုတွေ ပြုလုပ်
သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV4
No comments:
Post a Comment