Monday, May 21, 2012

ဗန်ပါစီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမည့် အန်ဇီ

ရုရှားကလပ်အန်ဇီအသင်းဟာအာဆင်နယ်အသင်းတိုက်စစ်မှူးဗန်ပါစီကိုအံ့အားသင့်ဖွယ် ပြောင်းရွှေ့ကြေး
 ဖြစ်တဲ့ ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းဖို့ပြင်ဆင် နေတယ်လို့ သိရှိရပါတယ်။ အန်ဇီ အသင်း နည်းပြဖြစ်သူ ဂူဟစ်ဒင့်စ်ဟာ အခုလို အာဆင်နယ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု အဆင်ပြေခြင်း မရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗန်ပါစီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဆွဲဆောင် သိမ်းသွင်းကာ ခေါ်ယူရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

အန်ဇီ အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ဆူလေမန်ကီရီမှုဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အချမ်းသာဆုံး စာရင်းဝင် သူဌေးတစ်ဦး ဖြစ်တာကြောင့် အခုလို အပြောင်းအရွှေ့ ဈေးကွက်မှာ နည်းပြ ဟစ်ဒင့်စ်ကို စိတ်ကြိုက် ကစားသမား ခေါ်ယူ ခွင့်ပြုထားတာ ဖြစ်ပြီး ဗန်ပါစီကို ၃ နှစ် စာချုပ်ဖြင့် ခေါ်ယူ လိုနေတာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း တစ်ပတ် လုပ်ခလစာ ပေါင် ၃ သိန်းဖြင့် အခွန်ဆောင်ပြီး ပေးချေရန် အလိုရှိနေတာ ဖြစ်ပါတယ်။ အန်ဇီ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်ခန့် ကလည်း အင်တာမီလန် ကွင်းလယ်လူ ရှနိုက်ဒါကို ခေါ်ယူဖို့ စီစဉ်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့်လည်း ရှနိုက်ဒါက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဟစ်ဒင့်စ်က အခုလို ဗန်ပါစီကို ခေါ်ယူရန် အလိုရှိနေတာနဲ့ ပတ်သက်ပြီး မိမိတို့ အသင်းဟာ ဥရောပမှ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူပြီး အကောင်းဆုံး အသင်း တစ်သင်း ဖြစ်လာအောင် ပြုလုပ်လိုပါတယ်။ ဒါ့ကြောင့် ဗန်ပါစီလို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

အသင်းပိုင်ရှင် ဖြစ်သူဟာလည်း အန်ဇီ အသင်းကို အကောင်းဆုံး အသင်း တစ်သင်းအဖြစ် ဖြစ်စေချင်လိုနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိ အနေနဲ့ အကောင်းဆုံး ကစားသမားတွေကို ရအောင် ခေါ်ယူသွားမှာပါလို့ ပြောကြား သွားခဲ့ပါတယ်။ အန်ဇီ အသင်းဟာ ဘာစီလိုနာ အသင်းမှ တိုက်စစ်မှူး အီတိုး ၊ ရီးရဲလ်မက်ဒရစ် အသင်းမှ နောက်ခံလူ ရော်ဘတ်တိုကားလို့စ် ဘလက်ဘန်း အသင်း နောက်ခံလူ ဆမ်ဘာ အစရှိတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထားပြီး ဖြစ်သလို တူရကီ အသင်း နည်းပြ ဂူဟစ်ဒင့်စ်ကိုပါ ခေါ်ယူထားတဲ့ ကလပ်အသင်း တစ်သင်းဖြစ်ကြောင်း သိရှိရပါတယ်။ အန်ဇီ အသင်းဟာ အခုလို ဗန်ပါစီကို ခေါ်ယူလိုနေတာနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်း နောက်ခံလူဟောင်း မာတင်ကီအွန်က အန်ဇီ အသင်းရဲ့ ချင်းကပ်မှုတွေကို လက်ခံနိုင်စရာ မရှိတဲ့ ချင်းကပ်မှု တစ်ခုဖြစ်ပြီး ပိုက်ဆံရှိတိုင်း အရာရာကို လုပ်ဆောင်နိုင်ဖို့  မသင့်ကြောင့် စောင့်ထိမ်းသင့်သည့် အရာများကို စောင့်ထိမ်းသွားရမှာ ဖြစ်တယ်လို့  အန်ဇီ အသင်းကို ပြန်လည် ဝေဖန် တိုက်ခိုက် ပြောကြား သွားခဲ့တယ်လို့ သိရှိရပါတယ်။
 MRTV4

No comments:

Post a Comment