Sunday, May 27, 2012

ယာယီဆိုင်းဘုတ်များအား သြဂုတ်လကုန်ပိုင်းအထိ အခမဲ့ကြော်ငြာခွင့်ပြု

ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များအနက်မှ အချို့အား လာမည့်သြဂုတ်လကုန်ပိုင်းအထိ (၅)လ တာ အခမဲ့ကြော်ငြာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာနက သိရှိရသည်။
 
အဆိုပါ အခမဲ့ကြော်ငြာခွင့်ပေးထားသည့်  ယာယီဆိုင်းဘုတ် (ပေ-၂၀ x ပေ- ၉)အောက်အရွယ်ငယ် သောကြော်ငြာ ဆိုင်းဘုတ်များကို ဧပြီ (၁) ရက်မှ သြဂုတ်(၃၁)ရက်အထိ  အခမဲ့ကြော်ငြာခွင့်ပြုပြီး စက်တင်ဘာ(၁)ရက်နေ့တွင် ကိုယ်ပိုင်အစီအစဉ်ဖြစ်ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။
 
စိုက်ထူထားသည့် (ပေ ၂၀ x ပေ-၉)နှင့်အထက် အရွယ်အစားရှိသည့် ကြော်ငြာဆိုင်းဘုတ်များကို မူလ နေရာ၌ပင် လက်ရှိအနေအထားများအတိုင်း ၂၀၁၃ ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ တစ်နှစ်သက်တမ်း တိုး ကြော်ငြာခွင့်ရမည်ဖြစ်သည်။
 
“ ဒီလို ကောက်ခံရာမှာတော့ ကြော်ငြာဘုတ်ရဲ့ တန်ဖိုးကို ငှားရမ်းခက ခုနှိမ်ပြီး ကျန်တဲ့ ငှားရမ်းခကိုသာ ပေး သွင်းရမှာ ဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစောသိန်းဝင်းကပြောသည်။
 
ငှားရမ်းခအဖြစ် တစ်စတုရန်းပေလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ကောက်ခံသွာမည်ဖြစ်ကြောင်း ကြော်ငြာဆိုင်း ဘုတ်တန်းဖိုးကို တစ်စတုရန်းပေလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် သတ်မှတ်တွင်ချက်ပြီး ဆိုင်းဘုတ်ငှားရမ်းခကို သာ ပေးသွင်း၍ မေ (၃၁)ရက် နောက်ဆုံးထား၍ စာချုပ်ချုပ်ရမည်ဖြစ်သည်။
 
“အခုလို ကြော်ငြာဘုတ်စိုက်ထူမှုအတွက် လက်ရှိခွင့်ပြုသက်တမ်းကုန်ဆုံးပြီးရင်တော့ ၂၀၁၃ ခုနှစ် ဧပြီလ(၁) ရက်နေ့က စတင်ကာရန်ကုန်မြို့တော်စည်ပင်ရဲ့ အစီအစဉ်နဲ့သာ စီမံခန့်ခွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်၊” ဟု ရန်ကုန်မြို့တော် စည်ပင်သာရကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
 ဖြုတ်သိမ်းမှုမပြုလုပ်သူများ  ဆိုင်းဘုတ်ကြီးတွေအတွက် သတ်မှတ်ရက်အတွင်း စာချုပ်ချုပ်ဆိုမှု မပြုလုပ်သူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆက်လက် ဆောင်ရွက်သွားမည်   ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“အခုလို သက်တမ်းတိုးပေးတဲ့အတွက် သိပ်ကောင်းပါတယ်။ ကြော်ငြာအားလုံးကို တစ်ခါတည်း ဖြုတ်သိမ်း မယ့်အစား   ဖြည်းဖြည်းချင်း   ဖြုတ်သိမ်းပေးစေချင်ပါတယ်၊ ကျွန်တော်တို့လို ကြော်ငြာလုပ်ငန်းရှင်တွေအတွက် ကောင်တာပေါ့၊ ” ဟု ယုဇနပလာဇာမှ ကြော်ငြာလုပ်ငန်းရှင် ကိုမျိုးမင်ထွန်းက ပြောသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment