Monday, May 21, 2012

အင်ဂျင်နီယာ ဘာသာရပ် ပညာရေး ဆွေးနွေးမှု ကျင်းပမည်

သြစတြေးလျ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တစ်ခုဖြစ်တဲ့ University of Newcastle ၀င်ခွင့် အတွက် အင်ဂျင်နီယာ ဘာသာရပ်များ အကြောင်းကိုမေ ၂၆ ရက် စနေနေ့မှာ ရန်ကုန်မြို့ရှိ Summit Parkview Hotel မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောပွဲမှာ အင်ဂျင်နီယာ ဘာသာရပ်များ အကြောင်း သိကောင်းစရာများကို ဆွေးနွေး တင်ပြမှာ ဖြစ်ပြီး ကျောင်းသား ကျောင်းသူ များရဲ့ ပြီးမြောက် ထားတဲ့ ပညာ အရည်အချင်း စာရွက် စာတမ်းများကို ကြည့်ရှု အကဲဖြတ်ကာ ၀င်ခွင့်နဲ့ ဘာသာရပ် ကင်းလွတ် ခွင့်များကို ချက်ချင်း ဆုံးဖြတ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် University of Newcastle မှ ပေးအပ်မယ့် ဘွဲ့များကို ရယူလိုတဲ့ ကျောင်းသား ကျောင်းသူများ အနေဟာ မည်သည့် အဖွဲ့အစည်း ကရရှိထားတဲ့ ဒီပလိုမာ၊ Certificate ဒီဂရီ လက်မှတ် နဲ့မဆို အဆိုပါ နေ့မှာ ဘာသာရပ် ကင်းလွတ် ခွင့်လျှောက်ထား နိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ AGTI နဲ့ B-Tech လက်မှတ် ကိုင်ဆောင် ထားသူများ ဒါမှမဟုတ် သင်ယူထား သူများနဲ့ BBM, ABE, IDCS, IADCS အစရှိတဲ့ ပညာရပ်များ သင်ကြားထား သူများ အတွက် သက်ဆိုင်ရာ အထူးပြု ဘာသာရပ် အလိုက် ပြည်ပ ကျောင်းဝင်ခွင့် ဆိုင်ရာ အချက်အလက် များကိုပါ သိရှိနိုင်စေဖို့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV4 

No comments:

Post a Comment