Monday, May 28, 2012

စင်ကာပူ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံတို့ အနိုင်ရ

 ရွေးကောက်ပွဲအနိုင်ရခဲ့သော Png Eng Huat(လယ်)နှင့် 
                                               ပါတီတာဝန်ရှိသူများကိုမေလ ၂၆ ရက်တွင် တွေ့ရစဉ်
စင်ကာပူအတိုက်အခံ အလုပ်သမားပါတီမှ အမတ်တစ်ဦးသည် ဖေဖော်ဝါရီလတွင် ပါတီမှ အထုတ်ခံရသဖြင့် လစ်လပ်သွားသောနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ အတိုက်အခံပါတီကပင် အနိုင်ရခဲ့ကြောင်း သိရသည်။

Hougang ခရိုင်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်း Png Eng Huat က မဲ ၆၂ ဒသမ ၀၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး အာဏာရ  People's Action Party (PAP) ပါတီမှ ကိုယ်စားလှယ်လောင်း ဒက်စမွန်ချိုက မဲ ၃၇ ဒသမ ၉၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။ စင်ကာပူကျွန်း အရှေ့မြောက်ပိုင်းရှိ ယင်းခရိုင်တွင် အတိုက်အခံတို့က အနှစ် ၂၀ ကျော်ကြာ အခြေအနေကောင်းခဲ့ကြောင်း သိရသည်။

အတိုက်အခံပါတီမှအမတ် Yaw Shin Leong မှာ အိမ်ထောင်ရေး ဖောက်ပြန်မှုစွဲချက်များကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ရာစုနှစ်၏ထက်ဝက်ခန့် အာဏာယူလာခဲ့သော စင်ကာပူ အာဏာရပါတီသည် ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်ကြုံတွေ့ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူဝင်ကြီးကြပ်ရေးမူဝါဒ ဖြေလျော့မှု၊ ၀င်ငွေ ကွာဟချက် မြင့်တက်လာမှု၊ အစိုးရ၀န်ကြီးများ၏ လစာမြင့်မားမှုတို့မှာ အာဏာရပါတီအပေါ် ထောက်ခံမှု လျော့ကျစေသည့် အချက်များဖြစ်ကြောင့် လေ့လာသူများက သုံးသပ်ခဲ့သည်။
AFP

No comments:

Post a Comment