Friday, May 25, 2012

ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် ထားရှိသွားမည်

ရန်ကုန်တိုင်း ဒေသကြီးရှိ ဗိုလ်တထောင် အမှတ် ၆ ဆိပ်ခံ တံတားမှာ ရေပေါ် ဟိုတယ် တစ်ခု ထားရှိ သွားဖို့ ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရပါတယ်။
အဆိုပါ ဗိုလ်တထောင် အမှတ် ၆ ဆိပ်ခံတံတားမှာ ရေပေါ် ဟိုတယ် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အနေနဲ့ ဆိပ်ခံ တံတား ကိုသာ ငှားရမ်း ပေးမှာ ဖြစ်ပြီး အဆိုပါ ရေပေါ် ဟိုတယ် အတွက် လှလှပပ ကုမ္ပဏီက တစ်နှစ်ကို တစ်ခါ စာချုပ်ချုပ်ပြီး ငှားရမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်က ၀ါးလမ်း တံတားမှာ ရေပေါ်ဟိုတယ် တစ်ခုရှိခဲ့တာ ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ပြီး  ယခုအခါ မှာတော့ ဒုတိယ အကြိမ်မြောက် ရေပေါ် ဟိုတယ် တစ်ခု ဖြစ်တယ်လို့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခု ဆောက်လုပ်မယ့် ရေပေါ် ဟိုတယ် သင်္ဘောဟာ အလျား ၁၁၆ မီတာ၊ အနံ ၆၃ မီတာ၊ ရေစူး ၅.၅ မီတာရှိပြီး ဟိုတယ် အတွက် လုံခြုံရေးများနဲ့ အခြားသော ၀န်ဆောင်မှု လုပ်ငန်းများကို လှလှပပ ကုမ္ပဏီမှ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာက စီမံချက်များ ချမှတ် ဆောင်ရွက် လျက်ရှိတဲ့ ဗိုလ်တထောင် ကမ်းနား တစ်လျှောက် ခေတ်မီ လှပသော ဆိပ်ကမ်း တစ်ခု ဖြစ်လာ စေရေးနဲ့ ရေပေါ် ဟိုတယ် ဆောင်ရွက် ရာတွင် လာရောက်တဲ့ ဧည့်သည်များ စိတ်ချမ်းမြေ့ စွာနဲ့ အန္တရာယ် ကင်းရှင်းစွာ တည်းခိုနိုင်ရေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့  သတင်း ရရှိပါတယ်။
MRTV4

No comments:

Post a Comment