Friday, May 11, 2012

မြွေပွေးခါးပိုက် ပိုက် (ကဗျာရှင် နေရဲနီ)

မြွေပွေးခါးပိုက် ပိုက်
(ကဗျာရှင် နေရဲနီ)

ပြုံ့ယမ်းလှပျိုဖြူတို့ရဲ့ စွဲမက်ဖွယ်အပြုံး
နားဝင်ချိုမြ မြန်မာသံ မပီတပီ ဂီတ
ထူးကဲတဲ့ ဂင်ချီ အရသာ
ဆရာစံလမ်းမှာ ရတယ်။

တောင်ကိုးရီးယားသမ္မတ
မကြာခင်မှာ မြန်မာပြည် အလည်လာမယ်
၁၉၈၃ ခုနှစ်ကအဖြစ်မျိုး မကြုံရလေအောင်
လုံခြုံရေးတွေ ခုကတည်းက
အပြင်းအထန် လေ့ကျင့်နေကြတယ်။

မြွေပွေးမှန်းသိရက်နဲ့
ခါးပိုက် ပိုက်ထားပြီး
မိတ်ဆွေကို လက်ယက်ခေါ်နေမှတော့
ဒီလောက်တော့ရှိမှာပေါ့။

နေရဲနီ

ဓာတ်ပုံ ၁၉၈၃ခုနှစ် အောက်တိုဘာလက လုပ်သားသတင်းစာမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယား သူလျှို ဗိုလ်မှူးဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့အား ရုံးထုတ်လာစဉ်မြင်ကွင်း
Demowaiyan

No comments:

Post a Comment