Thursday, May 17, 2012

အာဖဂန်နစ္စတန် နိုင်ငံရှိ အထက်တန်း ကျောင်းသားများ အဆိပ်သင့်မှုဖြစ်ပွားခဲ့

အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ Khost ပြည်နယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အထက်တန်း ကျောင်းသား ၂၅၀ခန့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အဆိပ်သင့် ကျောင်းသားတွေဟာ Ismail  ခရိုင်ရှိ Khil Warza အထက်တန်းကျောင်းက အဆိပ်သင့်ရေတွေကို သောက်သုံးမိခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပြီး ကျောင်းသားတွေဟာ နီးစပ်ရာ ဆေးရုံမှာ ဆေးကုမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဆေးကုသမှု ခံယူနေသူတွေထဲက ကျောင်းသားတချို့ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့်လည်း အများစုကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ .
 
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ယခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်း ကစပြီး တတိယအကြိမ်မြောက် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း Takhar ပြည်နယ် မြောက်ပိုင်းရှိ ကျောင်းသူ ၁၅၀နဲ့ Balkh ပြည်နယ် မြောက်ပိုင်းရှိ မိန်းကလေး အမြောက်အမြား အလားတူ အဆိပ်သင့်မှုမျိုး ကြုံတွေ့ခဲ့ရပါတယ်။
 
အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်အစိုးရ လက်ထက်က မိန်းကလေးေ တွကို ကျောင်းတက်ခွင့် ပိတ်ပင်ခဲ့ပြီး အမျိုးသမီးတွေကို အိမ်တွင်းမှာသာ နေထိုင်စေခဲ့ပါ တယ်။ ပြီးခဲ့တဲ့ မေလ ၈ရက်နေ့ကလည်း သေနတ်သမားတွေရဲ့ တိုက်ခိုက် မှုကြောင့် ပညာရေးဝန်ထမ်း ၅ဦး သေဆုံးခဲ့ပြီး၊ ၇ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအတွင်းရှိ ကျောင်းပေါင်း ၅၃၀ထက်မနည်းကို လုံခြုံရေး အခြေအနေအရ ပိတ်ထားခဲ့ရတယ်လို့ အာဖဂန် ပညာရေးဝန်ကြီး Faroof Wardak က ပြောကြားကြောင်း သိရပါတယ်။
MRTV4 

No comments:

Post a Comment