Sunday, May 20, 2012

ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဘန်အင်ဆလီ

အင်္ဂလန် ရွက်လှေ အားကစားသမား ဘန်အင်ဆလီဟာ ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။ ဘန်အင်ဆလီဟာ အိုလံပစ် ပြိုင်ပွဲမှာရွှေတံဆိပ် ၃ ခု ဆွတ်ခူးခဲ့တဲ့ ကစားသမား ဖြစ်ပြီး ရွက်လှေ ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် စံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဘန်အင်ဆလီက ဗိုလ်စွဲခဲ့ပြီး အင်္ဂလန် အသင်းဖော် အက်ရိုက်က ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဘန်အင်ဆလီက ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ပျော်ရွှင်မိကြောင်း ၊ ဒီပြိုင်ပွဲဟာ ကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပြီး လေငြိမ်နေတာကြောင့် ယှဉ်ပြိုင်ရ ခက်ခဲကြောင်း လက်ရှိ အချိန်မှာ အိုလံပစ် ပြိုင်ပွဲကို အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဘန်အင်ဆလီဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တဲ့ တတိယမြောက် ဗြိတိန် နိုင်ငံသား ဖြစ်လာပါတယ်။

ဘန်အင်စလီဟာ ၁၉၉၆ အိုလံပစ် ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘန်အင်ဆလီဟာ ရွက်လှေပြိုင်ပွဲတွေမှာ အောင်မြင်မှု ရခဲ့တာကြောင့် ၂၀၀၁ ခုနှစ်က အမ်ဘီအီးဆု ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ နဲ့ ၂၀၀၉ ခုနှစ်တို့မှာ အိုဘီအီးနဲ့ စီဘီအီး ဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment