Thursday, May 17, 2012

ပရီးမီးယားလိဂ် အကောင်းဆုံး ဆုတွေကို ရရှိခဲ့သည့် ဖာဂူဆန် နဲ့ ဂစ်

မန်ယူ အသင်းမှာ နည်းပြ ဖာဂူဆန် နဲ့ ရိုင်ယန်ဂစ်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျောက် အကောင်းဆုံး နည်းပြဆုနဲ့ ကစားသမား ဆုတို့ကိုရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဆုများကို အစောပိုင်း ကာလတွေမှာ ချီးမြှင့်ခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြဆုနဲ့ ကစားသမား ဆုတွေကို ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးချိန်မှသာ ပေး အပ်ချီးမြှင့်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားကိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ နှစ် ၂၀ ပြည့် အခမ်းအနားမှာ ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ကာ အခြားသော ဆုများကိုလည်း ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဖာဂူဆန်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ သက်တမ်း တစ်လျှောက်မှာ ဆုဖလား ၁၂ လုံး အထိ ရယူနိုင်ခဲ့တာ ဖြစ်သလို မန်ယူ အသင်းကိုလည်း ၁၉၈၆ ခုနှစ်က စတင် ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုင်ယန်ဂစ်ဟာလည်း သူ့ရဲ့ကစားသမား ဘ၀တစ်လျှောက် မန်ယူ အသင်းမှာသာ ကစားသမား ဘ၀ စတင်ခဲ့တာ ဖြစ်ပြီး အောင်မြင်မှု ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့တာ ဖြစ်တာကြောင့် အခုလို ပရီးမီးယားလိဂ် ပြိုင်ပွဲ သက်တမ်းတစ်လျောက် အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂစ်ဟာ အသင်းဖော် ပေါလ်စခိုး ၊ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ နဲ့  ဒင်းနစ်ဘာကမ့်တို့ကို ကျော်လွန်ပြီး အခုလို အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်များနဲ့ စာနယ်ဇင်း သမားတွေရဲ့ရွေးချယ် ချီးမြှင့်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ် ဂစ်ဟာ အခုနှစ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နောဝစ်ခ်ျစီးတီး အသင်းဘက်ကို နောက်ဆုံး အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဂိုးဟာလည်း သူ့ရဲ့ အကောင်းဆုံး ဂိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်းကိုလည်း သိရပါတယ်။  နောက်ထပ် ဆုတွေမှာတော့ အကောင်းဆုံး အသင်းအဖြစ် ၂၀၀၃-၀၄ ဘောလုံး ရာသီက ရှုံးပွဲမရှိ စံချိန်တင် ရလဒ်ဖြင့် နိုင်ပွဲ ရယူပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းက ရရှိခဲ့တာ ဖြစ်ကာ အကောင်းဆုံး ဂိုးအဖြစ် မန်ယူ တိုက်စစ်မှူး ရွန်းနီ ၊ မန်စီးတီး အသင်းဖက်ကို နောက်ပြန် ကန်ချက်ဖြင့် သွင်းယူခဲ့သော ဂိုးဟာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး မှတ်ချက်ပြု ပြောစကားကိုတော့ မန်စီးတီး နည်းပြဟောင်း ကီဗင်ကီးဂန်းရဲ့ ၁၉၉၆ ခုနှစ်က ပြောခဲ့တဲ့ Love It ပါ ပြောစကားက ရရှိခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး ဘောလုံး ရာသီကို အခုနှစ် ၂၀၁၁-၁၂ ဘောလုံးရာသီက ရရှိခဲ့တာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment