Thursday, May 24, 2012

ထိုင်းနိုင်ငံတွင် ငလျင်ဘေးဒဏ် တုံ့ပြန်ရေး လေ့ကျင့်ခဲ့

ထိုင်းနိုင်ငံPhuket ပြည်နယ်မှာငလျင်ဘေးဒဏ်ကြုံတွေ့ရချိန်မှာတုံ့ပြန့် ဆောင်ရွက်မယ့် ဆေးဝါး စောင့်ရှောက်

မှုဆိုင်ရာ လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလေ့ကျင့်မှုကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လုပ်ဆောင်ခဲ့ တာဖြစ်ပြီးPhuket ပြည်နယ်မှ ဆေးရုံတွေနဲ့အရေးပေါ် အေဂျင်စီတွေက ဆေးဘက်အဖွဲ့ဝင်တွေ ပါဝင် လေ့ကျင့်ခဲ့ပါတယ်။ အဆိုပါ လေ့ကျင့်မှုအတွင်းမှာ အင်အား ၅.၀အဆင့်ရှိငလျင်တစ်ခု လှုပ်ရှားပြီးနောက်အခြေအနေအတွက် လေ့ကျင့်ခဲ့တာဖြစ်ပြီးယာယီစခန်းတွေနဲ့ ဆေးခန်းတွေဖွင့်လှစ်ပြီး
 လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုလေ့ကျင့်မှုပြုလုပ်တာဟာ သဘာဝဘေးအန်္တရာယ် ကြုံတွေ့ရချိန်မှာ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ အဖွဲ့ဝင်တွေ အဆင်သင့်ဖြစ်နေစေဖို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်ပြီး ပြည်သူလူထု အနေနဲ့လည်း ငလျင်ဒဏ် ကြုံတွေ့ရချိန်မှာ လိုက်နာလုပ်ဆောင်ရမယ့် အချက်အလက်တွေကို သိရှိနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
MRTV4 

No comments:

Post a Comment