Friday, May 25, 2012

တောရက်စ်အား ထောက်ခံ ပြောကြား သွားခဲ့သည့် ဒရော့ဘာ

ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူးဒရော့ဘာဟာကစားဖော်တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်ကို ထောက်ခံ ပြော
ကြားလိုက်ကြောင်း သိရှိရပါတယ်။
ဒရော့ဘာက ဖာနန်ဒို တောရက်စ်ဟာ ချဲလ်ဆီး အသင်းရဲ့ အနာဂါတ် အတွက် အားထားရမယ့် တိုက်စစ်မှူး ဖြစ်ကြောင်း ထောက်ခံ ပြောကြား သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒရော့ဘာဟာ ချဲလ်ဆီး အသင်းမှ နောင်နှစ် ရာသီမှာ ထွက်ခွာတော့ဖို့ ရှိနေတာ ဖြစ်ပြီး နောက်နှစ် ရာသီဟာ အသင်းဖော် တောရက်စ်ရဲ့ ရာသီ ဖြစ်လိမ့်မယ်လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဒရော့ဘာက တောရက်စ် နဲ့ မိမိရဲ့ ကြားမှာ ဆက်ဆံရေး ကောင်းမွန်ပါကြောင်း ၊ မိမိတို့ဟာ အတူ တွဲဖက် ကစားခဲ့တဲ့ ပွဲအရေအတွက် နည်းခဲ့ပေမယ့် တောရက်စ်နဲ့ တွဲဖက် ကစားရခြင်း သဘောကျပါကြောင်း ၊ တောရက်စ်ဟာ ချဲလ်ဆီး အသင်းနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ လာမယ့် အနာဂတ်ဟာတော့ တောရက်စ်ရဲ့ အကောင်းဆုံး ကာလ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ တိုက်စစ်မှူး တောရက်စ်ကို လီဗာပူးလ် အသင်းမှ ပေါင်သန်း ၅၀ နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပြီး တောရက်စ်ဟာ ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တောရက်စ်ဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပါဝင် ကစားခဲ့ပေမယ့် ဂိုးသွင်း ယူပြနိုင်ခြင်းတော့ မရှိခဲ့သလို ပင်နယ်တီ ကန်ရမယ့် လူစာရင်းထဲမှာလည်း မပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဗိုလ်လုပွဲစဉ်မှာ ခြေစွမ်းပြ ကစားကာ အသင်းအတွက် ချေပဂိုးနဲ့ အဓိက ပင်နယ်တီတို့ကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဒရော့ဘာကတော့ တောရက်စ်ဘက်မှ ရပ်တည် ပြောကြားပေးခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment