Wednesday, May 23, 2012

တောင်ကိုရီးယားနိုင်ငံ မှ ဖျက်အားပြင်း ဒုံးကျည်များ တိုးချဲ့စုဆောင်းမည်

တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ၎င်းရဲ့ ဒုံးကျည်ပိုင်ဆိုင်မှုကို သိသိသာသာ အရေအတွက် တိုးမြှင့်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီလို လက်နက်အင်အား တိုးမြှင့်ဖို့အတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး  Kim Kwan-jin က သမ္မတ လီမြောင်ဘတ်ထံကို အမေရိကန်ဒေါ်လာ ၂.၁ဘီလီယံ တန်ကြေးရှိ စီမံချက်ကို တင်ပြခဲ့ကြောင်း တောင်ကိုရီးယား စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ဆိုပါတယ်။

အဆိုပါ စီမံချက်အရ Hyunmu ဒုံးကျည်အပါအ၀င် ဖျက်အားပြင်း ဒုံးကျည်နဲ့ ကွန်ပျူတာပဲ့ထိန်းသုံး နျူကလီးယားဒုံးကျည်တွေ အရေအတွက် ရာနဲ့ချီပြီး ဖြန့်ကျက် ထားမှာဖြစ်ပါတယ်။ Hyunmu ဒုံးကျည်ဟာ ပြီးခဲ့တဲ့လက ထုတ်ဖော်ပြသခဲ့တဲ့ တောင်ကိုရီးယားရဲ့ နောက်ဆုံးထုတ် ဒုံးကျည်ဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၅၀၀ကနေ ၁၅၀၀အထိ ပစ်လွှတ်နိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့အတွက် တောင်ကိုရီးယား နိုင်ငံကလည်း ၎င်းရဲ့ ဒုံးကျည်စွမ်းရည်ကို တိုးမြှင့်ရမှာဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ပြီးခဲ့တဲ့လက ဒုံးကျည်တစ်စင်း လွှတ်တင်ခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ အဆိုပါ ဒုံးကျည်ဟာ ဂြိုဟ်တုတစ်စင်း လွှတ်တင်ခြင်းသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားတို့က ပြောပေမယ့် တားဝေးပစ် ဖျက်အားပြင်း ဒုံးကျည်အဖြစ်အများက ထင်မြင်ယူဆထားပါတယ်။ အဲ့ဒီလို မြောက်ကိုရီးယားတို့ရဲ့ ဒုံးကျည်ပစ်လွှတ်မှု မအောင်မမြင်ဖြစ်ခဲ့ချိန်ကတည်းက တောင်ကိုရီးယားနိုင်ငံက ၎င်းရဲ့ ဒုံးကျည်စွမ်းရည်ကို တိုးချဲ့ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment