Thursday, May 17, 2012

အာဆင်နယ် အသင်း ၀တ်စုံနှင့် မိတ်ဆက်ခဲ့သည့် ပိုဒေါလ်စကီး

အာဆင်နယ် အသင်း ကစားသမားသစ် ပိုဒေါလ်စကီးဟာ အသင်းရဲ့ ၀တ်စုံကို ၀တ်ဆင်ပြီး မိတ်ဆက် သွားခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ် အသင်းဟာ
အသင်းရဲ့ တိုက်စစ်မှာ ဗန်ပါစီ တစ်ဦးတည်း ရုန်းကန်နေရတာကြောင့် ပိုဒေါစကီးကို အသင်းထံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပိုဒေါလ်စကီးဟာ အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဂျာမနီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။

အာဆင်နယ် အသင်းကလည်း အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ပိုဒေါစကီးဟာ အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ပိုဒေါစကီးဟာ အာဆင်နယ် အသင်းကို ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် ကိုလုံး အသင်းမှ ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ကိုလုံး အသင်း အတွက် ၈၈ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ပိုဒေါစကီးဟာ ဂျာမနီ လက်ရွေးစင် အသင်း အတွက်လည်း ၉၅ ပွဲ ကစားပြီး ၄၃ ဂိုးထိ သွင်းယူ ထားနိုင်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

ပိုဒေါစကီးက ပြောကြားရာမှာတော့ မိမိဟာ ကိုလုံး အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ကြောင်း ၊ ဂျာမနီ အသင်းနဲ့လည်း ယူရို ပြိုင်ပွဲမှာ အကောင်းဆုံး ၀င်ရောက် ယှဉ်ပြိုင်လိုကြောင်း ၊ မိမိဟာ လက်ရှိ အချိန်မှာတော့ အသင်းသစ် အာဆင်နယ် အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင် ပေးသွားမှာ ဖြစ်ကြောင်း ၊ ကိုလုံး အသင်းမှာတော့ အထောင် တိုက်စစ်မှူး အဖြစ် ကစားခဲ့ကြောင်း ၊ မိမိဟာ ဂျာမနီ အသင်းမှာတော့ ဘယ်တောင်ပံ တိုက်စစ်နေရာမှာ ကစားခဲ့ကြောင်း ၊ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှာ ဘယ်နေရာမှာပဲ ကစားရ ကစားရ မိမိ အတွက်တော့ ပြဿနာ မရှိကြောင်း ၊ အာစင်ဝင်းဂါးက မိမိ ကစားရမယ့် နေရာအတွက် ဆုံးဖြတ် ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
 MRTV4

No comments:

Post a Comment