Wednesday, May 23, 2012

ချဲလ်ဆီး အသင်းမှ ထွက်ခွာမှာ မဟုတ်သည့် ဒရော့ဘာ


ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ဒရော့ဘာဟာ ချဲလ်ဆီး အသင်းနဲ့ လမ်းခွဲမယ့် သတင်းများကို ငြင်းဆို သွားခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်းရဲ့တိုက်စစ်မှူး ဒရော့ဘာဟာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို အသင်းသားတွေကို နှုတ်ဆက်ခဲ့တယ်လို့လည်း ပြင်သစ် နာမည်ကျော် သတင်းဋ္ဌာန တစ်ခုက ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ သတင်းများကို ဒရော့ဘာရဲ့ အေးဂျင့် ဖြစ်သူက ငြင်းဆိုသွားခဲ့ပြီး ဒရော့ဘာဟာ ချန်ပီယံလိဂ် ဖလားအတွက် အောင်ပွဲခံ လည့်လည်ရာ ကားပေါ်မှာ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့တယ်ဆိုတာ မဟုတ်မှန်ပါကြောင်း ပြောကြား သွားခဲ့ပါတယ်။ ဒရော့ဘာဟာ တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာ အသင်းကို ပြောင်းရွေ့တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပေမယ့် ချဲလ်ဆီး အသင်းမှ အသင်းဖော်များကတော့  ဒရော့ဘာကို အသင်းမှာ ဆက်ရှိနေဖို့ တိုက်တွန်း ထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အသင်းဟာလည်း ဒရော့ဘာကို တန်ဖိုးကြီး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်းကိုလည်း သိရပြီး ဒရော့ဘာဟာ ချဲလ်ဆီး အသင်းကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် အဓိက နေရာက ပါဝင် ကူညီထားတာ ဖြစ်ပါတယ်။

ဒရော့ဘာဟာ ချဲလ်ဆီး အသင်းနဲ့ ဘိုင်ယန် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းအတွက် အဖိုးတန် ချေပဂိုးကို ပွဲချိန် ၈၈ မိနစ်မှာ သွင်းယူပေးခဲ့သလို ချန်ပီယံ ဖလားအတွက် အဆုံးအဖြတ် ပင်နယ်တီ ဂိုးကိုလည်း တိတိကျကျ ကန်သွင်း ယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ချဲလ်ဆီး အသင်းပိုင်ရှင် အီဗရာမိုဗစ်ကလည်း ဒရော့ဘာကို တစ်ပတ်အတွင်း စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ အခုလို ဒရော့ဘာရဲ့ အေးဂျင့် ဖြစ်သူက အသင်းမှ ထွက်ခွာဖို့ ငြင်းဆိုထားပေမယ့်လည်း ပြင်သစ် သတင်းဋ္ဌာနကတော့ အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူး ဒရော့ဘာရဲ့ သတင်းကို ခိုင်လုံကြောင်း ၀န်ခံထားပြီး ဒရော့ဘာ အနေနဲ့ ချဲလ်ဆီး အသင်းမှ ထွက်ခွာကာ တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာ အသင်းကို လစာငွေ အမြာက်အများနဲ့ ပြောင်းရွေ့မှာ ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားတယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment