Sunday, May 27, 2012

တန်ဖိုးနည်း ဖုန်းများ ဘီလ်လွှဲ ပြောင်းနိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိ

လက်ရှိမှာ 800 MHz ဖုန်းတွေ အချင်းချင်း အသုံးပြုနိုင်တဲ့ ဘီလ် လွှဲပြောင်း ပေးနိုင်တဲ့ စနစ်ကို တန်ဖိုးနည်း ဖုန်းတွေ မှာလည်း အသုံးပြု နိုင်အောင် လုပ်ဆောင်လျက်ရှိနေပြီး ဒီလို လုပ်ဆောင် တာဟာ စီစဉ်ဆဲ အဆင့်သာ ရှိသေးတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။ အဲ့ဒီလို လုပ်ဆောင် နိုင်ဖို့အတွက် ပထမဆုံး ဖုန်းတွေမှာ တစ်လုံးနဲ့ တစ်လုံး Feature တွေ တူညီအောင် ဦးစွာ ပြုလုပ်ပေး သွားမှာဖြစ်ပြီး ဒီလို ပြုလုပ်ဖို့ အတွက် ကိုလည်း နည်းပညာ ပြင်ဆင်မှုကို စတင် ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။

အဲ့ဒီအတွက် တန်ဖိုးနည်း ဖုန်းတွေမှာ အခုလိုဖုန်း ဘီလ်လွှဲပြောင်း နိုင်ဖို့ဆောင်ရွက်မှုမှာ အကောင်အထည်ဖော် သုံးစွဲနိုင်ဖို့ အချိန်ကြာမြင့်ဦး မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ အသုံးပြုလို့ ရနေတဲ့ 800 MHz နဲ့စတဲ့ ဖုန်းတွေ မှာလည်း အချင်းချင်း ဖုန်းဘီလ် လွှဲပြောင်းလို့ ရရှိပေမယ့် သုံးစွဲသူ နည်းပါး နေသေးတယ်လို့ ဖုန်းအရောင်း ဆိုင်တွေရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို သုံးစွဲသူ နည်းပါးရ တာဟာလည်း လက်ရှိမှာ ဖုန်းငွေဖြည့် ကဒ်တွေကို အလွယ်တကူ ၀ယ်ယူလို့ ရတဲ့အတွက် အချင်းချင်း လွှဲပြောင်းမှု နည်းပါး ရတာ ဖြစ်ပါတယ်။ ဒီလို ဖုန်းဘီလ် လွှဲပြောင်း လိုရင်တော့ လွှဲပြောင်းပုံ အဆင့်ဆင့်ကို ၁၆၆ ကိုနှိပ်ပြီး မေးမြန်း နိုင်တယ်လို့ သိရပါတယ်။
MRTV4

No comments:

Post a Comment