Thursday, May 17, 2012

သေးငယ်သည့် လျှပ်စစ်ပစ္စည်းများ သုံးရန်အတွက် ဗိုင်းရပ်စ်များကို အသုံးချ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ သုတေသန ပညာရှင်များမှာ ဗိုင်းရပ်စ်များကို အသုံးပြုပြီး သေးငယ်သည့် ပစ္စည်းများကိုတည်ဆောက်ကာ စက်မှု စွမ်းအင်မှ စွမ်းအင်ကို သိုလှောင်ပြီး လျှပ်စစ်စွမ်းအင် အဖြစ် အသုံးပြုရန် ပြုလုပ် လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုလို ဖြစ်ရပ်အတွက် နောက်ထပ် သုတေသန ပြုလုပ်ရန် လိုအပ်နေသေးကြောင်း သို့ရာတွင် မိမိတို့ လုပ်ဆောင်ချက်မှာ နာနို ပစ္စည်းများတွင် သုံးနိုင်ရန် တစ်ဦးချင်း အတွက် လျှပ်စစ်ဓါတ် ထုတ်လုပ်ပေးသည့် ပစ္စည်းကို တီထွင်နိုင်ရေး အတွက် အရေးပါသည့် ပထမ ခြေလှမ်းတစ်ခု ဖြစ်သည်ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ Dr. Seung-Wuk Lee က ပြောကြား သွားခဲ့သည်။

ယခု လုပ်ဆောင်ချက်မှာ ဇီဝ အင်ဂျင်နီယာ နည်းပညာကို အနုတ် အားသွင်းထားသည့် မော်လီကျူး ၄ခု ကို  ဝက်အူပုံစံ ထိပ်ဖျား အဆုံးတွင် တပ်ထားကာ M13 bacteriophage  ဗိုင်းရပ်စ်များ သုတ်ထားသည့် ပရိုတိန်းများဖြင့် ထိတွေ့ကာ လျှပ်စစ်ဓါတ် ထုတ်စေမည် ဖြစ်သည်။ ယခုလို လုပ်ဆောင်ရာ၌ ဗိုင်းရပ်စ်များမှာ ၎င်းတို့ ရှင်သန်ရေး အတွက် လုပ်ဆောင်သည့် လှုပ်ရှားမှုမှာ ဂျန်နရေတာများ လုပ်သည့် လုပ်ဆောင်ချက်ဖြင့် တူညီနေသဖြင့် ယခုလို စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
 MRTV4

No comments:

Post a Comment