Thursday, May 17, 2012

ဖာဂူဆန် နဲ့ မန်ယူကို တောင်းပန်မည့် မန်စီးတီး

မန်စီးတီး အသင်းဟာ တီဗက်ဖ် အောင်ပွဲခံတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မန်ယူ အသင်းကို ပြန်လည် တောင်းပန်ရဖွယ် ရှိကြောင်း သိရပါတယ်။ မန်စီးတီး အသင်းဟာ
မန်ချက်စတာ မြို့ပေါ်မှာ လှည့်လည် အောင်ပွဲခံချိန်မှာ တီဗက်ဇ်က ဖာဂူဆန်ကို နောက်ပြောင်တဲ့ စာတန်းကို ကိုင်ဆောင်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ တီဗက်ဇ်ဟာ ၂၀၀၉ ခုနှစ်က မန်ယူ အသင်းမှ မန်စီးတီး အသင်းကို ပြောင်းရွှေ့သူ ဖြစ်ပြီး မန်ယူ နည်းပြ ဖာဂူဆန် နဲ့ ဆက်ဆံရေး တင်းမာခဲ့သူ ဖြစ်ပါတယ်။

တီဗက်ဟာ ဖာဂူဆန်ကို နောက်ပြောင်တဲ့ ပိုစတာကို ပရိသတ် တစ်ဦးထံမှ ရရှိခဲ့တာ ဖြစ်ပြီး မန်စီးတီး အသင်းက ဖာဂူဆန် နဲ့ မန်ယူ အသင်းတို့ကို ပြန်လည် တောင်းပန်ဖို့ ပြင်နေတာ တွေ့ရပါတယ်။ မန်စီးတီး အသင်းရဲ့ တာဝန်ရှိသူ တစ်ဦးက မြို့ထဲ လှည့်လည် အောင်ပွဲခံတဲ့ အချိန်မှာ တီဗက်ဇ်ရဲ့ အပြုအမူက မှားယွင်းတဲ့ အပြုအမူ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တီဗက်ဇ်က အသင်းနဲ့အတူ အောင်ပွဲခံချိန်မှာ ဖာဂူဆန်ကို မလေးစားတဲ့ အပြုအမူ ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မန်စီးတီး အသင်းက ဖာဂူဆန် နဲ့ မန်ယူ အသင်းတို့ကို တောင်းပန်ဖို့ ဆန္ဒရှိနေပါတယ်။ တီဗက်ဇ် ကိုင်ဆောင်ခဲ့တဲ့ ပိုစတာဟာ ဖာဂူဆန်ရဲ့ သက်တမ်း တစ်လျှောက် မန်စီးတီး အသင်း ချန်ပီယံ ဖြစ်တာကို မမြင်ဖူးခြင်းကို ဟာသအဖြစ် ရေးထားခြင်း ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment