Friday, May 4, 2012

 အီဂျစ်စစ်ဘက်က မေလ ၂၄ ရက်နေ့တွင် အာဏာ လွှဲပြောင်းပေးဖွယ်ရ

 
ကိုင်ရိုမြို့ အက်ဘာဆီယာဒေသတွင် မေလ ၂ ရက်နေ့က 
အီဂျစ်စစ်ဘက်ကို ကန့်ကွက် ဆန္ဒပြသူများက ဆန္ဒပြနေစဉ်
မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော သမ္မတရွေးကောက်ပွဲတွင် ပထမအကျော့၌ သမ္မတလောင်း ပေါ်ထွက်လာပါက အီဂျစ်စစ်ဦးစီးချုပ် ဆာမိအီနန်က အာဏာ လွှဲပြောင်းပေးသွားဖွယ် ရှိကြောင်း နိုင်ငံပိုင်ရုပ်သံက မေလ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပိတ်ပင်ခံထားရသော အစ္စလာမ်မစ် ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံသည့် စစ်ဘက်ဆန့်ကျင်သူများနှင့် အရပ်သား အ၀တ်အစားများ ၀တ်ဆင်ထားသည့် အမည် မဖော်နိုင်သော လူများအကြား ပဋိပက္ခကြောင့် လူ ၂၀ ခန့် သေဆုံးခဲ့ပြီးနောက် သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှု ကိုယ်စားလှယ်လောင်းလေးဦးက ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများကို ရပ်ဆိုင်းထားပြီးနောက် အီဂျစ်၏ သမ္မတ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေး တင်းမာမှုများမှာ မြင့်တက်နေသည်။  စစ်ဘက်အုပ်ချုပ်မှုကို နိဂုံးချုပ်ရန် ကန့်ကွက်ဆန္ဒပြနေသူများအား ငြိမ်သက်စေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာရ လက်နက်ကိုင်တပ်ဖွဲ့များ ဦးစီးကောင်စီက ရွေးကောက်ပွဲ ပထမအကျော့တွင် အနိုင်ရရှိသူ ပေါ်ထွက်လာပါက အာဏာလွှဲပြောင်းပေးသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခင်က ဇွန်လကုန်တွင် အာဏာ လွှဲပြောင်းပေးသွားဖွယ်ရှိကြောင်း စစ်ဘက်က ပြောကြားထားသည်။ ရွေးကောက်ပွဲ ပထမအကျော့တွင် အနိုင်ရရှိသူ မပေါ်ထွက်ပါက ဇွန်လ ၁၆ ရက်နေ့တွင် ဒုတိယအကျော့ အဆုံးအဖြတ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
AFP

No comments:

Post a Comment