Friday, May 18, 2012

ကိုယ်လက် လှုပ်ရှားမှုဖြင် ထိန်းချုပ်နိုင်မည့် ပစ္စည်း ဂျပန်တို့ ပြသ

ဂျပန် နိုင်ငံမှ နည်းပညာ လုပ်ငန်းကြီး ဖြစ်သည့် NEC မှာ အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ ရုပ်မြင်သံကြား စက်များ ၊ မိုဘိုင်းဖုန်းများ ၊တက်ဘလက် ကွန်ပြူတာများကို လှုပ်ရှားမှုများ ပြုလုပ် ပြရုံဖြင့် ထိန်းချုပ်နိုင်မည့် နည်းပညာ တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

ယင်းတို့မှ ပြောရာတွင် သုံးဖက်မြင် ပုံရိပ်များကို မှတ်သားနိုင်မည့် ကင်မရာကို အသုံးပြုပြီး ယင်းကို ပရော့ဂျက်တာဖြင့် ပေါင်းစပ်ကာ ကီးဘုတ် ကဲ့သို့သော Input device များ ပုံစံကို ဖော်ပြနိုင်ကာ ယင်းမှတစ်ဆင့် ရေးသားမှုများကို မှတ်ယူ ပြီး ခိုင်းစေနိုင်မည် ဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် အဆိုပါ ပုံရပ်ကို အသုံးပြုခြင်းဖြင့် အီလက်ထရွန်းနစ် ဖိုင်များကို နေရာ ရွေ့ပြောင်းခြင်း ၊ ဗွီဒီယိုများ ဖွင့်ခြင်း တို့ကို ၎င်းတို့ ၏လက်ကို ရွေ့လျားစေခြင်းဖြစ် လုပ်ဆောင်စေမည် ဖြစ်သည်။

ယခုလို နည်းပညာကို အသုံးပြုကာ အသုံးပြုသူများ အနေဖြင့် ပစ္စည်းမျိုးစုံကို ဖွင့်နိုင်ခြင်း မရှိသေးသော်လည်း နောက်ပိုင်းတွင် မျက်နှာပြင် မပါသော Air con နှင့် လျှပ်စစ်မီး ခလုပ်များကို ဖွင့်ပိတ်ရာတွင် လက်လှုပ်ရှားမှုများဖြင့် ပြုလုပ်နိုင်ရန် အတွက် တီထွင်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းတို့မှ ပြောကြားခဲ့သည်။
MRTV4

No comments:

Post a Comment