Wednesday, May 30, 2012

CBS စနစ်သို့ ပြောင်းလဲသဖြင့် မေ(၃ဝ)ညလယ်တွင် မိုဘိုင်းဆက်သွယ်မှူလိုင်းအား ခေတ္တဆိုင်းငံ့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ရန်ကုန်မြို့အလုံအိတ်ချိန်းရှိ CDMA ( 450 MHz)Prepaid/postpaidမိုဘိုင်းတယ်လီဖုန်းများအတွက်အသုံးပြုနေသောCBSစနစ်သို့ ပြောင်းလဲတပ်
ဆင်သွား မည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရသည်။
 
“  နိုင်ငံတကာမှာအသုံးပြုနေတဲ့ စနစ်များလိုဖြစ်အောင်၊ အခုလို ခေတ်မီတဲ့ ငွေကောက်ခံတဲ့ စက်ကိရိယာတွေနဲ့   ပြောင်းလဲတပ်ဆင် ရတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
 
CDMA ( 450 MHz ) Prepaid/postpaid များအား Cutoverပြုလုပ်ခြင်းအား မေ(၃ဝ) ရက် (ဗုဒ္ဓုဟူးနေ့) ည(၁၂)နာရီ မှစ၍ မိနစ် ၂၀ ခန့် အကြာ  ပြုလုပ်သွားမည်ဖြစ်သဖြင့် မိုဘိုင်းဖုန်းဆက်သွယ်မှူလိုင်းများအား ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း သိရသည်။
 
“ မိနစ်နှစ်ဆယ်လောက်ပဲ ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အရင်လို မပြောမဆိုနဲ့ ဘာမှဆက်လို့ မရတော့ တာနဲ့စာရင် အများကြီး သက်သာတာပေါ့။ အဲဒီအချိန်တော့ ဖုန်းသုံးတာလည်း သိပ်မရှိပါဘူး ” ဟု ရန်ကုန်မြို့ ခံကိုနိုင်လင်းက ပြောသည်။
 
CBS စနစ်သို့ ပြောင်းလဲတပ်ဆင်စဉ်ကာလအတွင်း CDMA ( 450 MHz ) နှင့် CDMA ( 800 MHz ) စနစ် အသုံးပြုနေသော မိုဘိုင်းဖုန်းများ ဆက်သွယ်မှူခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။
 
CDMA 450 နှင့် 800 Mhz ဖုန်းများပြောဆိုခများအား လာမည့် ဇူလိုင်လမှစ၍ Prepaid စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင် မည်ဖြစ်ကြောင်း    သိရှိရသည်။
 
လက်ရှိ တွင် CDMA 450,800 Mhz ဖုန်းများကို Prepaid စနစ် ပြောင်းလဲလိုသူများ အနေဖြစ် စတင် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ထိုကဲ့သို့ ပြောင်းလဲရာတွင် မိမိဖုန်းအတွင်း Message Box ထဲသို့ ၀င်ကာ 18812 အား ရိုက်ထည့်၍  Yes လုပ်ကာ ပေးပို့ရမည်   ဖြစ်သည်။  CDMA 450,800 Mhz ဖုန်းများအား Prepaid လုပ်ဆောင်လိုသူများ အနေဖြစ် ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ပြီး အသုံးပြုနိုင်ကြောင်းသိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment