Wednesday, May 30, 2012

iPhone အတွက်ကင်မရာ app ကို Facebook စတင်ဖြန့်ချိ

ဓာတ်ပုံများရိုက်ကူးခြင်း၊ ပြင်ဆင်ခြင်းနှင့် ဝေမျှခြင်းများကို ပြုလုပ်နိုင်စေမည့် iOS app တမျိုးကို Facebook မှ စတင်မိတ်ဆက်ပေးလိုက်ကြောင်း သိရသည်။ ယင်း app ကို Facebook Camera ဟု အမည်ပေးထားပြီး iOS device များတွင် အသုံးပြုနိုင်မည်ဖြစ်ကာ ဓာတ်ပုံများရိုက်ကူးခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည့်အပြင် ဓာတ်ပုံများကို Facebook ဆိုက်ပေါ်သို့ တိုက်ရိုက်ဝေမျှခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါ app သစ်သည် Instagram နှင့် သဘောတရားချင်းဆင်တူပြီး ဓာတ်ပုံများစွာကို တစ်ပြိုင်နက်တည်း ဆိုက်ပေါ်သို့တင်နိုင်မည့်အပြင် ပုံစာထည့်ခြင်း၊ ပုံများကိုဖြတ်ခြင်း၊ filter ၁၄ မျိုးမှ နှစ်သက်ရာတစ်မျိုးဖြင့် အသုံးပြုခြင်းများကို ပြုလုပ်နိုင်ကြောင်းသိရသည်။ အခြား photo-sharing app များထက် ပိုမိုပြည့်စုံစွာအသုံးပြုနိုင်မည်ဖြစ်ပြီး မိတ်ဆွေများ၏ Facebook တွင် ဝေမျှထားသည့်ပုံများကို ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သလို comment ပေးခြင်းများ၊ like လုပ်ခြင်းများကိုလည်း app ထဲမှ တိုက်ရိုက်ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်း Facebook Camera app သစ်ကို Apple App Store မှ download ရယူနိုင်ပြီး Android အပါအ၀င်အခြား platform များအတွက် app ကိုမူ ထုတ်လုပ်ရန်စဉ်းစားနေကြောင်း သိရသည်။
ရေးသားသူ -ဟေမာ
Internet Journal

No comments:

Post a Comment