Saturday, May 12, 2012

ဂျပန်နိုင်ငံ (JICA)အဖွဲ့၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များနှင့် နိုင်ငံရေးပါတီအသီးသီးမှ လူငယ်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်...



မြန်မာပြည်တွင်းရှိ နိုင်ငံရေး ပါတီအသီးသီးမှ ကျောင်းသားနှင့် လူငယ်များအား Japan International Cooperation Agency (JICA)မှ ဂျပန်နိုင်ငံသို့ လာရောက် လေ့လာနိုင်ရန်.. ဖိတ်ခေါ်သည်ဟု ကြားသိရသည်...။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်နှင့် ကျောင်းသား(၁၀)ဦးအား အခြားနိုင်ငံရေးပါတီများမှ လူငယ်များနှင့်အတူ ဖိတ်ကြားထားကြောင်း သိရှိရသည်..။

အဖွဲ့ချုပ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁)ဦး ဦးဆောင်ပြီး အဖွဲ့ချုပ် ကျောင်းသားလူငယ် (၁၀)ဦး ဂျပန်နိုင်ငံသို့ လာမည့် ဇွန်လဆန်းပိုင်းတွင် လေ့လာရေးခရီး ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်...။
Demowaiyan

No comments:

Post a Comment