Friday, May 18, 2012

ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအနေဖြင့် MIC ဥပဒေအရ စာချုပ်ချုပ်ရမည်

ပြည်ပမှလာရောက်လုပ်ကိုင်ကြမည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်များကိုမဆို   မြန်မာ့စီးပွားရေးလုပ်ငန်း တွင်ရင်းနှီးမြုပ်နှံလိုသူများအနေဖြင့်MIC(မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်)ဥပဒေအရစာချုပ်ချုပ်ဆိုရမည်
 ဖြစ်ကြောင်း သိရှိရသည်။
 
“မြန်မာနိုင်ငံမှာရှိတဲ့ ၀န်ကြီးဌာနတွေအားလုံးက ပြည်ပနဲ့ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုရင်  မြန်မာရင်းနှီး မြုပ်နှံမှုကော်မရှင်ရဲ့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ကျရမှာ ပထမဦးဆုံး ၀န်ကြီးဌာနတွေက သဘောတူ ပြီးပြီဆိုရင် ရှေ့နေချုပ်ရုံးကို ပို့ပြီးတော့ စာချုပ်တွေ စီစစ်ပြီး၊ ရှေ့နေရုံးက သဘောတူပြီးတော့ပဲ ဆက်လက် တင်ပြတာဖြစ်တဲ့အတွက် MIC ( Myanmar Convention Commission) သဘောတူမှဘဲ ဆက်ပြီးတော့ ဆောင်ရွက်ရမှာပါ” ဟု သတ္တုတွင်းဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သက်က ပြောသည်။
 
အဆိုပါ မြန်မာရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥပဒေတွင် အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းကို ကန့်ကွက်ထားသော ဥပဒေများလည်း ပါဝင်ကြောင်း သိရှိရသည်။
 
“Myanmar Investment Law နဲ့ပတ်သက်တာက သီးခြားကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး၊ အထူး သဖြင့်တော့ ကျွန်တော်တို့ ချုပ်တဲ့စာချုပ်မှန်သမျှဟာ environment concern ပေါ့၊ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးပြီးတော့ စဉ်းစားပြီး ထည့်သွင်းချုပ်ဆို ထားပါတယ်။” ဟု ဦးကျော်သက်က ဆက်ပြောသည်။
 
ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်စဉ်က  မြန်မာစီးပွားရေး လုပ်ငန်းကို ရင်းနှီးမြုပ်နှံမည်ဆိုပါက ငွေပမာဏအမြောက်အများဖြင့် ထည့်သွင်းလုပ်ဆောင်ရမည် ဖြစ်ခြင်း ကြောင့် သက်တမ်းရှည်ကြာ ရင်းနှီးမြုပ်နှံခြင်း လုပ်ကိုင်နိုင်ခြင်း ရှိ/ မရှိ အပေါ် စဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
“စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ပြောတာပေါ့၊ဒါပေမဲ့ safe ဖြစ်မဖြစ်ဆိုတာ လုပ်ကြည့်မှ သိမှာပေါ့ ခုဏက နိုင်ငံခြားသား   ပြောသလိုပဲ Today only safe for us  လားတဲ့ သူက ငွေအလုံးအရင်းနဲ့ ယူလာရမှာဆို တော့လေ တကယ်သက်တမ်းရှည် လုပ်နိုင်မလုပ်နိုင်ဆိုတာ အခုကတော့ စာတွေ့အရဖြစ်နေတော့ စဉ်းစားနေ တုန်းဘဲ  ဖြစ်နေတယ် တကယ်လက်တွေ့မှာ တကယ်ဖြစ်မလားဆိုတာ ရင်းနှီးဖို့ တွေးနေတုန်းပဲ ရှိသေးတယ်။” ဟု  စင်ကာပူနိုင်ငံ FBC ကုမ္ပဏီမှ ဒေါ်ခင်အေးက ပြောသည်။
 
ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်အချို့သည် မြန်မာ့စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန်အတွက် လေ့လာခြင်းကို ၂၀၁၂ခုနှစ် မေလ ၁၇ရက်နေ့ နေပြည်တော် MCC ( Myanmar Convention Center) တွင် နေ့လည် (၁)နာရီခွဲခန့် အချိန်ဌာနဆိုင်ရာ ၀န်ကြီးအချို့နှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြရာ နေ့လည်(၃)နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။
 
ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၂၀၁၂ခုနှစ် မေလ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်လက်တွေ့ဆုံကာ လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။
ဝင့်သင်ဇာကျော်(မြစ်မခ)

No comments:

Post a Comment