Tuesday, May 15, 2012

မိမိတွင် ကင်ဆာရှိကြောင်း Yahoo အမှုဆောင်ချုပ်ဟောင်း ပြော



အသက် ၅၄ နှစ် အရွယ်ရှိပြီ ဖြစ်သည့်  ရာထူးမှ နုတ်ထွက် သွားရသူ Yahoo အမှုဆောင်ချုပ် Scott Thompson  မှာ ၎င်းအနေဖြင့် သိုင်းရွိုက်ကင်ဆာ
ရှိနေကြောင်း ကုမ္ပဏီ ဘုတ်အဖွဲ့သို့ ပြောကြားခဲ့သည်ဟု လက်မှတ်လိမ်ပြီး လျောက်ထားမှု အတွက် ဖြေရှင်းချက်ကို ထုတ်လိုက်ပြန်ပြီ ဖြစ်သည်။ ယင်းကိစ္စများကြောင့် ရာထူးမှ နုတ်ထွက်မှုမှာ အဓိက မဟုတ်ဘဲ ၎င်း၏ ကင်ဆာရောဂါကို တွေ့ရှိခဲ့မှု အတွက် နုတ်ထွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Scott Thompson  မှာ ၎င်း၏ လျောက်ထားလွှာ အတွင်း ကွန်ပြူတာ သိပ္ပံဘွဲ့ ရသည်ဆိုသည့် အချက်မှာ မမှန်ကန်သဖြင့်  ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေး ခံရအပြီးတွင် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ The Wall Street Journal တွင် ဖော်ပြရာ၌ Thompson မှာ ကုမ္ပဏီမှ ထွက်ခွာရန် ဆုံးဖြတ်ရခြင်း အတွက် ကင်ဆာ တွေ့ရှိမှုကလည်း အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ကြောင်း ယင်းဖြစ်ရပ်မှာ ရာထူးမှ နုတ်ထွက်ရန် ကိစ္စမဖြစ်မီ သိပ်မကြာခင်က ပေါ်ထွက် လာခြင်း ဖြစ်ကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။
MRTV4

No comments:

Post a Comment