Wednesday, June 6, 2012

Apple က တေးဂီတကုမ္ပဏီ Redmatica ကိုဝယ်ယူ

သီချင်းတည်းဖြတ်သည့် ဆော့ဖ်ဝဲများထုတ်လုပ်သည့် Redmatica ကုမ္ပဏီအား Apple က ပြီးခဲ့သည့်ရက်ပိုင်းက ၀ယ်ယူခဲ့ကြောင်းသိရသည်။ အီတလီနိုင်ငံအခြေစိုက် ယင်းကုမ္ပဏီအား ၀ယ်ယူသည့်သတင်းကို အီတလီနိုင်ငံ၏ Fanpage ဘလော့ဂ်တစ်ခုတွင် ဖော်ပြထားပြီး

Apple ကုမ္ပဏီမှမူ အထက်ပါကိစ္စနှင့်ပတ်သက်၍ မည်သည့်တုံ့ပြန်ပြောဆိုမှုကိုမှ ပြုလုပ်ခြင်းမရှိချေ။ Redmatica သည် တေး ဂီတတည်းဖြတ်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲများရေးသားခြင်းနှင့် ရောင်းချခြင်းကို အဓိကထားပြုလုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၎င်းတို့အနေဖြင့် တေးဂီတနမူနာများပြုလုပ်ခြင်း၊ တည်းဖြတ်ခြင်းနှင့် library management နှင့်သက်ဆိုင်သော tool များထုတ်လုပ်ကြသည့်အပြင် အဆိုပါ tool အားလုံးကို Apple ၏ Mac OS X အတွက်သာ ရေးသားကြောင်းသိရသည်။ ယင်းကုမ္ပဏီ၏ အဓိကထုတ်ကုန်တစ်မျိုးမှာ KeyMap Pro ဖြစ်ပြီး ၎င်းသည် တူရိယာသံနမူနာများတည်းဖြတ်ရာတွင် အသုံးပြုသည့် tool တစ်မျိုးလည်းဖြစ်သည်။ Apple အနေဖြင့် Gerage-Band တေးဂီတကုမ္ပဏီနှင့် Logic Pro တို့ကိုလည်း ယခင်က၀ယ်ယူခဲ့ပြီး ယခု Redmatica အားဝယ်ယူမှုသည် ယင်းအတွက် ပထမဦးဆုံး တေးဂီတကုမ္ပဏီဝယ်ယူမှုမဟုတ်ကြောင်း သိရသည်။
ရေးသားသူ -ဟေမာ
Internet Journal

No comments:

Post a Comment