Saturday, June 9, 2012

၇ .၆. ၂၀၁၂ မှ ၁၃ .၆. ၂၀၁၂ ရက်နေ့ထိ ၇ရက်သားသမီးများအတွက်ဟောစာတမ်း

တနင်္ဂနွေ
          ဆန္ဒစောမှု ၊ ဆုံးဖြတ်ချက် မြန်ဆန်မှု ရည်ရွယ်ချက်များမှု များနေမည်။ ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် မချနိုင်သေးသော ကာလဖြစ်မည်။လုပ်ငန်းများမပြီးမပြတ် ဖြစ်တတ်သည်။
သို့သော် အားမငယ်သင့်ပါ။ အကူအညီ ပေးသူ သူငယ်ချင်းများ ပေါ်ပေါက်မည် ။ အချစ်ရေးနှင့် ပတ်သက်၍ အဆင်ပြေတစ်ခါ မပြေတစ်ခါ ဖြစ်နေမည်။ အတိုက်အခံ များမည် ။ မနာလိုသူပေါ်မည်။ အလုပ်မှာ စိတ်ရှုပ်ရမည်။အသေးအဖွဲပြသာနာရှုပ်မည်။လုပ်ငန်းပြောင်းလဲမှုနှင့်တိုးတက်မှုဖြစ်မည်။မရည်ရွယ်သောခရီးများသွားရမည်။   ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။
 
အကျိုးပေးဂဏန်း - ၁၊ ၃၊ ၅။
အထူးဟော - ရှုပ်ပြီးမှ ရှင်းသွားမည်။
ယတြာ - အိမ်ဘုရားကို တနင်္ဂနွေ နေ့တွင်  အုန်း ဆွမ်းကပ်ပါ။
 
 
တနင်္လာ
           တယူသန်စိတ် တဇွတ်ထိုးစိတ်များကြောင့် အမှားအယွင်း ဖြစ်တတ်သည်။ လွတ်လပ်မှုလိုလား ပြီး ကိုယ်ထူးကိုယ်ချွန် ကြိုးစားလိုစိတ်များကြောင့်စွန့်စားမှုများပြုရတတ်သည်။အောင်မြင်မည်။အချစ်ရေးတွ့မည်။အိမ်ထောင်ကျကိန်းရှိသည်။   ကျော်တော့   လှေသူကြီးညားတော့ လှေထိုးသား ဖြစ်တတ်သည်။ အဝေးခရီး ထွက်ရမည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။  ချုချာတတ်သည်။ အလုပ်အကိုင် နှင့် ပတ်သက်၍ ၀င်ငွေ ကောင်းမည်။ လုပ်ငန်းပြောင်းရွှေ့ မှုရှိသည်။ မရောက်ဖူးသော ခရီး မသွားဖူးသောနေရာ မလုပ်ဖူးသောအလုပ်တို့လုပ်ရမည်။ ရုတ်တရက် ခြေဖျားလက်ဖျားခိုက်မိတတ်သည်။ ထီပေါက်ခြင်း ၊ မဲပေါက်ခြင်း ဖြစ်မည်။  ထီထိုးပါ။ စီးပွားရေး စပ်တူရှယ်ယာ များလုပ်ရတတ်သည်။ အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - စွန့်စားမှ အောင်မြင်မည်။
ယတြာ- အိမ်ဘုရားကို မွေးနေ့ ၌ အကြော် (၁၅) ခုကပ် ပါ။
 
 
အင်္ဂါ
                   ငါသိငါတတ် ငါဆရာလုပ်ချင်စိတ် ၊ စိတ်မြန်ကိုယ်မြန် ဒေါသကြီးစိတ် ၊ များပြားနေမည်။ စိတ်လိုက်မာန်ပါ မပြုသင့်ပါ။ သင့်ရည်ရွယ်ချက်တွေ အောင်မြင်မည်။ ငွေလိမ်ခံရကိန်းရှိ၍ ငွေပေးမ ချေးရ။ ပစ္စည်းပျောက်ကိန်းရှိ၍ ဂရုစိုက်ပါ။  လုပ်ငန်းမှာ ရန်ရှိ၍ ဂရုစိုက်ပါ။ ၀မ်းဗိုက်နှင့် ပတ်သက်၍ ဂရုစိုက်ပါ။ အချစ်ရေး အိမ်ထောင်ရေးရှုပ်မည်။ မလိုသူ အတိုက်အခံတွေများမည်။ အိမ်သစ်မြေသစ် ၀င်မည်။ 
 
အကျိုးပေးဂဏန်း - ၂၊ ၄ ၊၈။
အထူးဟော - အစပိုင်းရှုပ်၍ နောက်ပိုင်းကောင်းမည် ။
ယတြာ - အင်္ဂါနေ့တွင် အိမ်ဘုရား ကိုအောင်သပြေ (၁၉) ညွန့် ကပ်ပြီး ရေသက်စေ့ ရေသပ္ပါယ်ပေးပါ။
 
 
 
ဗုဒ္ဓဟူး
 စိတ်တွေလေနေမည်။ လွတ်လပ်မှု လိုလားသောစိတ်တဇွတ်ထိုး လုပ်ချင်သောဝါသနာ၊  လူယုံထားသော ပေါင်းသင်းဆက်ဆံမှု ဂရုစိုက်ပါ။  အမှားတွေ့တတ်သည်။ ကတိတခု အရမ်းမပြုလေနှင့်။ သူငယ်ချင်းများနှင့် ခရီးဝေးသွားရန်ပေါ်မည်။ မသွားသင့်ပါ။ ကား ၊ဆိုင်ကယ် အက်စီးဒင့် ဖြစ်တတ်သည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ ပညာရေးအောင်မြင်မည်။ မိတ်သစ်ဆွေသစ်တွေ တွေ့မည်။ စက်ပစ္စည်းများပျောက်တတ်သည်။အကြီးအကဲအထင်လွဲခံရမည်ခြေဖျားလက်ဖျားခိုက်မိမည်။အလုပ်နှင့် ပတ်သက်၍ ဖြေရှင်းပြောဆိုရ တတ်သည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ ငွေခေါင်းကွဲမည်။ ငွေစုလို့မရပါ။
 
အကျိုးပေးဂဏန်း - ၁၊ ၃၊ ၆ ။
အထူးဟော - အသွားမတော် တစ်လှမ်း  ဖြစ်တတ်သည်။
ယတြာ- ဗုဒ္ဓဟူးနံနက်တွင် အိမ်ဘုရား ကိုအောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။
 
ကြာသပတေး
           အပေါင်းအသင်းရွေးပေါင်းမှု အပြောကြမ်းမှု အသုံးကြမ်းမှု တို့ကြောင့် ငွေမမြဲသေးပါ။ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားမည်။  အချစ်ရေး စီးပွားရေး နှင့် ပတ်သက်၍ ပြောင်းလဲမှုတွေဖြစ်မည်။  လူခင်ချင်းစိတ်ဝမ်းကွဲမည်။ မရောက်ဖူးသော ခရီးရောက်ဖြစ်မည်။  ခရီးဝေးထွက်ဖြစ်မည်။  ကျန်းမာရေး အနည်းငယ် ချူချာမည်။ လုပ်ငန်းပြောင်းလဲမှုတွေရှိမည်။ နေရာပြောင်းလဲမှု တွေဖြစ်မည်။  အင်တာဗျူး စာမေးပွဲတွေ အောင်မြင်မည်။ စီးပွားရေး ကိုယ်ပိုင်လုပ်ငန်း (သို့မဟုတ်) ရှယ်ယာလုပ်ငန်းများအကျိုးပေးမည်။ ရေလမ်းခရီး ၊ လေလမ်းခရီးများ သွားရတတ်သည်။ လမ်းခရီး အန္တရယ်မရှိပါ။ အိမ်ထောင်ကျကိန်းရှိသည်။ စက်ပိုင်းဆိုင်ရာ ပစ္စည်း ၊ ရွှေ  ၊ မြေ ထွက်ကိန်းရှိသည်၊ ၀င်ကိန်းရှိသည်။  ငွေရေးကြေးရေးစကားပြောရတတ်သည်။
အကျိုးပေးဂဏန်း - ၁၊ ၆ ၊ ၉။
အထူးဟော - အောင်မြင်မည်။
ယတြာ - အိမ်ဘုရားကို မွေးနေ့၌ ပေါင်မုန့် (၅) ချပ်ကို သကြားဖြူး၍ ကပ်ပါ။
 
သောကြာ
           အစွဲအလန်းကြီးသည်။ တယူသန်စိတ်ရှိသည်။ သံယောဇဉ်ကြီးသည်။ ထို့ကြောင့် ကိုယ်ချစ်တာကိုယ်ယူမည်။ သင်ချစ်သော မိန်းမ/ယောင်္ကျားကို သင့်အိမ်က သဘောမတူပါ။ အချစ်ရေးကံကောင်းသည်။ အပျို ၊ လူပျို တို့ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်သည်များ အငယ်အနှောင်းပေါ်မည်။ လုပ်ငန်း တည်ဆောက်မှုများ အထူးအောင်မြင်မည်။ ကျန်းမာရေး နည်းနည်းချူချာမည်။ မရောက်ဖူးသော ခရီးများရောက်မည်။ အကြီးအကဲ ၏ အပြစ်တင်ခြင်း ခံရမည်။ ငွေကြေး နှင့် ပတ်သက်၍ အလိမ် အကောက်ခံရသည်။ ရစရာရှိသော ငွေတစ်ချို့ရမည်။ ကား ၊ဆိုင်ကယ်တို့ အက်စီးဒင့်မြင်သည်။ ခရီးဝေးထွက်ရမည်။ ရှယ်ယာလုပ်ငန်းများအကျိုးပေးသည်။ ကတိပေးခြင်း မလွန်ရ။ ကတိပျက်ကွက်၍ မုန်းရတတ်သည်။
အကျိုးပေးဂဏန်း- ၃၊ ၆ ၊ ၉။
အထူးဟော - ဆန္ဒတွေအောင်မြင်မည်။
ယတြာ - အိမ်ဘုရာကို သစ်သီး (၉) မျိုး မွေးနေ့တွင် ကပ် လှူပါ။
 
 
စနေ
          ဆုံးဖြတ် ချက်များပြောင်းလဲမှုရှိမည်။ မမျှော်လင့်သော အလုပ်အကိုင်များနှင့် မရည်ရွယ်သော ပေါင်းသင်းဆက်ဆံ မှုများတိုးပွားလာမည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ အလုပ်အကိုင်တို့ အဆင်ပြေမည်။ အင်တာဗျူး စာမေးပွဲအောင်မြင်မည်။ ချစ်သူ စွဲလမ်းသူ တွေ့မည်။ မိတ်ဟောင်း သူငယ်ချင်းဟောင်းတို့ ပြန်ဆုံမည်။ ကိုယ်ပိုင်လုပ်ငန်းနှင့် ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ ၀မ်းဗိုက်နှင့်ပတ်သက်၍ ချူချာမည်။ ခြေဖျားခိုက်မိမည်။ သူများအရှုပ်ကိုယ့်အရှုပ်ဖြစ်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ရှုပ်ရမည်။ ပစ္စည်းပျောက်ခြင်းငွေပျောက်ခြင်းဖြစ်တတ်သည်။ မိသားစု ကျန်းမာရေးကောင်းမည်။ 
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - ကံကောင်းမည်။
ယတြာ - စနေနေ့တွင် တောင်အရပ်ရှိ လမ်းကို သန့်ရှင်းရေးပြုပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင်)

No comments:

Post a Comment