Thursday, June 7, 2012

ငွေကျပ် ၁၀၀၀၀ တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည် ဟု ထုတ်ပြန် ကြေငြာ

တစ်သောင်းကျပ်တန်ငွေစက္ကူ မျက်နှာစာဘက်
တစ်သောင်းကျပ်တန်ငွေစက္ကူကျောဘက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှကျပ်ငွေတစ်သောင်းတန်ငွေစက္ကူအမျိုးအစားသစ်အားထုတ်ဝေတော့မည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင်သတင်းဌာနဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညနေ(၆)နာရီသတင်းတွင် ကြေငြာခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကျပ်တစ်သောင်းတန်ငွေစက္ကူကို လာမည့် ဇွန်လ (၁၅)ရက်နေ့ဘဏ်ဖွင့်ချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်လည်းကောင်း စတင်ထုတ်ဝေမည်ဖြစ်ပြီး လက်ရှိသုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေများကိုလည်း ဆက်လက်၍ တရားဝင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အသစ်ထပ်မံထုတ်ဝေမည့် ကျပ်တစ်သောင်းတန် ငွေစက္ကူသည် အရွယ်အစားအားဖြင့် အလျား (၁၅) စင်တီမီတာ၊ အနံ (၇) စင်တီမီတာ ရှိမည်ဖြစ်ပြီး ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ကြောင်းသိရှိရသည်။ မျက်နှာစာဘက်တွင် ပါရှိသော ရုပ်ပုံမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တံဆိပ်နှင့်အနည်းငယ်ခန့် ဆင်တူပြီး ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့်ရိုက်နှိပ်ထားပါသည်။မျက်နှာစာ လက်ဝဲဘက်ပိုင်းတွင်  ကြာဖြူပွင့်ပုံ ရေစာ ပါရှိ ပါသည်။
ငွေစက္ကူတွင်လုံခြုံရေးကြိုးတစ်ချောင်းကိုလည်း ဒေါင်လိုက်ထည့်သွင်းထားကြောင်းသိရှိရသည်။ငွေစက္ကူ၏
 နောက်ကျောဘက်တွင်မန္တလေးနန်းတော်၏ မြို့ရိုးနှင့်ကျုံးကိုရိုက်နှိပ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာ
နက ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကျပ်(၅၀၀၀)တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ထုတ်ဝေသုံးစွဲခဲ့ကြောင်းသိရှိရသည်။
(၅၀၀၀)တန်ငွေစက္ကူစတင်ထုတ်ဝေခဲ့ချိန်တွင်မသမာသူများ၏ ငွေစက္ကူအတုလုပ်သုံးစွဲမှုများဖြစ်ပေါ်
ခဲ့ကြောင်းသတင်းထုတ်ပြန်မှုများအရ သိရှိရသည်။
စည်သူနိုင်(မြစ်မခ)

No comments:

Post a Comment