Thursday, June 7, 2012

စာချုပ်သစ် ချုပ်ဆိုရန် အသင်းကို တိုက်တွန်းခဲ့သည့် ရက်နက်ဒ်

စပါးအသင်း နည်းပြဖြစ်သူ ရက်နက်ဒ်ကစာချုပ်သစ်ချုပ်ဆိုရန်အသင်းကိုတိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ရက်နက်ဒ်က အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒ ရှိနေတာကြောင့် အခုလို တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရက်နက်ဒ်က အရင်က အင်္ဂလန် နည်းပြ ရာထူးအတွက် သတင်းတွေ ဖြစ်ပေါ်နေခဲ့ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ရွိုင်းဟော့ဆန်ကိုသာ ခန့်အပ်ခဲ့တာကြောင့် စပါး အသင်းမှာသာ ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

အသက်၆၅ နှစ်ရှိရက်နက်ဒ်ဟာစပါးအသင်းကို၂၀၀၈ခုနှစ် အောက်တိုဘာလက ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူရောက်တဲ့ အချိန်မှာစပါးအသင်းဟာပရီးမီးယားလိဂ်ဇယား အောက်ဆုံးမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်ရက်နက်ဒ်ဟာစပါးအသင်းကိုရာသီကုန်မှာအဆင့်၈ နေရာရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပဲ ဖြစ်
ပါတယ်။ ရက်နက်ဒ်ဟာ စပါး အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ပြီး လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ရက်နက်ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ ဖေဖော်ဝါရီလ အတွင်းမှာ စပါး အသင်းကို ၁၁ ပွဲ ဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး အသင်းကို အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါး အသင်းဟာ ရာသီကုန်ခါနီးမှာ ခြေချော်ပြီး အဆင့် ၄ နေရာနဲ့သာ ရာသီကုန်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စပါး အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အဆင့် ၄ နေရာကို ရရှိခဲ့ပေမယ့် ချဲလ်ဆီး အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ကိုသာ ၀င်ရောက် ယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ရက်နက်ဒ်က မိမိဟာ အသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ် ကျန်နေသေးပါတယ်။ စပါး အသင်းမှာသာ ဆက်လက် ရှိနေလိုပါတယ်။ စပါး အသင်းနဲ့ စာချုပ်သက်တမ်း တိုးသွားလိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ရက်နက်ဒ်ဟာ ၀က်စ်ဟမ်း ၊ ပို့စ်မောက်နဲ့ ဆောက်သမ်တန် အသင်းတွေမှာ နည်းပြ ပြုလုပ်ဖူးသူလည်း ဖြစ်ပါတယ်။  ရက်နက်ဒ်ဟာ စပါးအသင်း ကစားသမားတွေနဲ့လည်း သင့်မြတ်မှု ရှိပြီး ကစားသမားတွေလည်း ရက်နက်ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ထောက်ခံနေကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment