Friday, June 1, 2012

သမ္မတ ဦးသိန်းစိန် ထိုင်းခရီးစဉ် ထပ်မံပယ်ဖျက်ဟုဆို

ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ဇွန်လ ၄ ရက်နေ့တွင် သွားရောက်ရန် စီစဉ်ထား သည့် မြန်မာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရ အရာရှိများအား ကိုးကား၍ The Straits Times သတင်းတရပ်၌ ဖော်ပြပါရှိသည်။
သမ္မတသည် မေလ ၃၀ ရက်နေ့က ဘန်ကောက်မြို့တွင် စတင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန် ခရီးစဉ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ကိုယ်စားအဖြစ် စွမ်းအင်ဝန်ကြီး ဦးသန်းဌေး ကိုသာ စေလွှတ် တက်ရောက်စေခဲ့သည်။

ယခုခရီးစဉ် ထပ်မံဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် တစုံတရာ မသိရှိရသေးကြောင်း ရေးသား ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မဇ္ဈိမအနေနှင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
မဇ္ဈိမ

No comments:

Post a Comment