Friday, June 1, 2012

အရေးယူခံရဖို့ ရှိနေသည့် ဂျိုးဂျော်ဂီယာ

ဗြိတိန် စနူကာ ကစားသမား တစ်ဦးဖြစ်တဲ့ ဂျိုးဂျော်ဂီယာဟာ ကမ္ဘာ့ ဘိလိယက်နဲ့ စနူကာ အဖွဲ့အစည်းမှ အရေးယူရန် စွဲချက်တင်ခြင်း ခံထားရကြောင်းသိရပါတယ်။ ဂျိုးဂျော်ဂီယာဟာ ပြိုင်ပွဲကို အလောင်းအစား ပြုလုပ်မှု အတွက် သံသယရှိခြင်း ခံရတာကြောင့် အခုလို အရေးယူခြင်း ခံရဖို့ ရုံးတင်ခြင်း ခံထားရတာ ဖြစ်ပြီး မကြာမီမှာ စစ်ဆေးမှု ခံယူရတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၃၆ နှစ် အရွယ် ဗြိတိန် စနူကာသမား ဂျိုးဂျော်ဂီယာဟာ မက်သော်ဆော့ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ခြေထောက် ဒဏ်ရာကို အကြောင်းပြပြီး ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ပွဲစဉ်မှာ ပုံမှန် မဟုတ်တဲ့ လောင်းကစားမှု အသေးစားလေးများ ပါဝင် ဆက်နွယ်နေကြောင်း ကမ္ဘာ့ ဘိလိယက်နဲ့ စနူကာ အဖွဲ့အစည်း WPBSA မှသံသယ ဖြစ်ခဲ့တာကြောင့် အခုလို ဂျော်ဂီယာကို စစ်ဆေးဖို့ ဖြစ်လာတာလည်း ဖြစ်ပါတယ်။ WPBSA ဟာ အဆိုပါ ပွဲမှာ ဗြိတိန် ကစားသမား ဂျော်ဂီယာက ပြိုင်ဘက်ဖြစ်သူ မက်သော်ဆော့ဘက်မှ အနိုင်ပေးကာ လောင်းကစား ပြုလုပ်ခဲ့ တယ်လို့  ယူဆနေတာလည်း ဖြစ်ပါတယ်။

WPBSA  မှဖော်ပြချက်အရ ပဏာမ ကြားနာမှုကို ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင် ကြားနားရမှာ ဖြစ်ကြောင်း သိရပြီး WPBSA ဘက်မှ အမှုဆောင် အရာရှိ နီဂဲလ်မော်ဝါက တာဝန်ယူ ကိုင်တွယ်မှာလည်း ဖြစ်ပါတယ်။ ဂျော်ဂီယာဟာ အဆိုပါ ပြိုင်ပွဲကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး ဂျော်ဂီယာ အနေနဲ. WPBSA အဖွဲ့ဝင် စည်းမျဉ်းစည်းကမ်း ၊ လောင်းကစားမှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြန်လည် ဖြေရှင်းချက်ပေးနိုင်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment