Monday, June 11, 2012

ပြင်သစ်အိုးပင်း ဆုဖလားကို အရယူလိုနေသည့် ရှရာပိုဗာ

လက်ရှိ အချိန်မှာ ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည် ရယူထားနိုင်ခဲ့တဲ့ ရုရှား နိုင်ငံသူ တင်းနစ်မယ် မာရီယာရှရာပိုဗာဟာ ပြင်သစ်အိုးပင်း ပြိုင်ပွဲရဲ့နောက်ဆုံး ဗိုလ်လုပွဲမှာ အနိုင် ရယူပြီး ဆုဖလားကို ကိုင်မြှောက် လိုနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ်ရှိ ရှရာပိုဗာဟာ အဆိုပါ ပြင်သစ်အိုးပင်း တင်းနစ် ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ်အဖြစ် တက်ရောက်နိုင် ခဲ့တာ ဖြစ်ပြီး ပထမဦးဆုံး အကြိမ်အဖြစ် ဆုဖလားကို ကိုင်မြှောက် လိုနေတာကြောင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ရှရာပိုဗာဟာ သူ့ရဲ့ကစားသမား ဘ၀တစ်လျှောက်မှာ ဂရမ်းစလင်း ဆုဖလား ၃ခု ဖြစ်တဲ့ သြစတြေးလျ အိုးပင်း ၊ ယူအက်စ်အိုးပင်း နဲ့ ၀င်ဘယ်လ်ဒန်အိုးပင်း ဆုဖလားတွေကို ရယူ ထားနိုင်ခဲ့တာကြောင့် အခုလို ၂၀၁၂ ခုနှစ်ရဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ရ လဒ် ရရှိအောင် စွမ်းဆောင်ပြီး စံချိန်သစ် တစ်ခု တင်နိုင်ရန် အလိုရှိနေတာ ဖြစ်ပါတယ်။ ရှရာပိုဗာဟာ ပြီးခဲ့တဲ့ နှစ်က ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပေမယ့် တရုတ် တင်းနစ်မယ် လီနာကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှရာပိုဗာဟာ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ နိုင်ချေအဆင့် ၂၁ အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အီတလီ နိုင်ငံသူ အာရာနီ နဲ့ တွေ့ဆုံယှဉ်ပြိုင် ကစားရမှာ ဖြစ်တာကြောင့် အနိုင် ရလဒ်ကို ရရှိနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ရှရာပိုဗာ နဲ့ အာရာနီတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေနဲ့ လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှုတွေမှာလည်း ကွာဟမှုတွေ ရှိနေတာကြောင့် ရှရာပိုဗာဟာ သူ့ရဲ့ ပထမဦးဆုံး ပြင်သစ်အိုးပင် ဂရမ်းစလင်း ဖလားကို ရယူပြီး ထိပ်တန်း ဂရမ်းစလင်း ပြိုင်ပွဲကြီး ၄ ခုစလုံးမှာ အနိုင်ရ ဗိုလ်စွဲ နိုင်မယ့် ၁၀ ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်း တင်နိုင်ရန် အလိုရှိတာ ဖြစ်ပါတယ်။ ရှရာပိုဗာဟာ သူ့ရဲ့ ကစာသမား ဘ၀ရဲ့ အသက် ၁၇ နှစ် အရွယ်မှာ ပထမဦးဆုံး ဂရမ်းစလင်းဆု ဖလား ရယူမှု အဖြစ် ၂၀၀၄ ခုနှစ်က ၀င်ဘယ်လ်ဒန် အိုးပင်း ပြိုင်ပွဲဆုကို ရယူခဲ့ကာ ၂၀၀၆ ခုနှစ်မှာတော့ ယူအက်စ်အိုးပင်း ၊ ၂၀၀၈ ခုနှစ်မှာတော့ သြစတြေးလျ အိုးပင်း ဆုဖလားတွေကို ရယူ ထားနိုင်ခဲ့တဲ့ တင်းနစ်မယ် တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ပြင်သစ်အိုးပင်း ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကာ အနိုင်ရ ရှိသူဟာ ဆုဖလားနဲ့ အတူတူ ဆုကြေးငွေ ယူရို ၁၂.၅ သန်း ရရှိမှာ ဖြစ်ကြောင်း သတင်းများ အရ သိရပါတယ်။
MRTV4

No comments:

Post a Comment