Tuesday, June 12, 2012

ဆီးရီးယားတွင် ကလေးငယ်များကို လူသားဒိုင်း အဖြစ် အသုံးပြု

ဆီးရီးယား နိုင်ငံရှိ ကလေးငယ်များမှာ အစိုးရ စစ်တပ်၏ သံချပ်ကာ ကားများပေါ်တွင် အတင်းအကြပ် လိုက်ပါစေပြီး  အတိုက်အခံများ၏ တိုက်ခိုက်မှုမှကာကွယ်ရန် ပြုလုပ်ခဲ့ကြောင်း ကုလသမ္မဂ္ဂ အထူး ကိုယ်စားလှယ်မှ ပြောခဲ့ကာ ကလေးငယ်များ အနေဖြင့် ဖမ်းဆီး နှိပ်စက် ခံကြရကာ အသတ်ဖြတ်ခံကြရ ကြောင့်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူပင် ပုန်ကန်ရေး အဖွဲ့များမှာလည်း ကလေးငယ်များကို တပ်ဦးသို့ သွားစေပြီး အသုံးချခဲ့ကြောင်းလည်း ပြောခဲ့သည်။ အလားတူပင် ဆီးရီးယား အနေဖြင့် နောက်ထပ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ပြုလုပ်ရန် စီစဉ်နေကြောင်း ကုလသမ္မဂ္ဂမှ  စွပ်စွဲလိုက်ကာ အကြမ်းဖက်မှုများ မြင့်တက်လာမှုကို ရှုတ်ချလိုက်ကြောင်းလည်း သိရသည်။ ကုလသမ္မဂ္ဂ အထူး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ Radhika Coomaraswamy မှ ပြောရာ၌ သူမ၏ အဖွဲ့ အနေဖြင့် ဆီးရီးယား နိုင်ငံ အရေးနှင့် ပတ်သက်ပြီး ထိတ်လန့်စရာ အစီရင်ခံစာ တစ်ခုကို ပြုလုပ်ခဲ့ရကြောင်းလည်း ပြောကြား သွားခဲ့သည်။
bbc news


No comments:

Post a Comment