Thursday, June 7, 2012

ကိုရီးယား အိတ်စပိုပြပွဲ ကျင်းပပြုလုပ် သွားမည်

Korea Expo & Consumer Products Exhibition (2012) ကို ဇွန်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ရန်ကုန်မြို့ တပ်မတော် ခန်းမမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာတော့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်မှာ ဖြစ်ပြီး ကုမ္ပဏီပေါင်း ၃၂ တို့မှ ပါဝင်ပြသမှာ ဖြစ်ပါတယ်။ အဲ့ဒီပြပွဲကို Logic Myanmar ကုမ္ပဏီက ကြီးမှူး ကျင်းပတာ ဖြစ်ပါတယ်။

ဒီလို ပြသရာ မှာတော့ ဆိုင်ခန်းများရဲ့ ထက်ဝက် ခန့်ဟာ ကိုရီးယားနိုင်ငံထုတ် အသုံးအဆောင် ပစ္စည်းများကို ဦးစားပေး ပြသသွားမှာ ဖြစ်ပြီး ကျန်ရှိနေတဲ့ ပြခန်းများ မှာတော့ အိုင်တီ ပစ္စည်းများ သီးသန့်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြပွဲတွင်း အိုင်တီဇုန်မှာ Red Link ကုမ္ပဏီမှ wifi Free ပေးထား မှာဖြစ်ပြီး ပရိုမိုရှင်း အစီအစဉ် များစွာလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV4 

No comments:

Post a Comment