Saturday, June 9, 2012

အင်္ဂလန် အသင်းမှာ ပြန်ပါဝင်လာမည့် ဒီဖိုး

အင်္ဂလန် တိုက်စစ်မှူး ဒီဖိုးဟာ လာမယ့် စနေနေ့တွင် အင်္ဂလန် အသင်းမှာ ပြန်ပါဝင်လာဖွယ် ရှိကြောင်း သိရပါတယ်။ဒီဖိုးဟာသူအဖေကွယ်လွန်ခဲ့တာကြောင့်ပြီးခဲ့တဲ့ဗုဒ္ဓဟူး နေ့ကအင်္ဂလန်ကို ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖိုးဟာ ပြင်သစ်နဲ့ တနင်္လာ နေ့မှာ ကစားမယ့် ပွဲမှာ အရန် ကစားသမား အဖြစ် ပါဝင်ဖွယ် ရှိပါတယ်။ ဒီဖိုးက အဖေရဲ့ ကွယ်လွန်ချိန်မှာ ကူညီခဲ့တဲ့ ပရိသတ်တွေ ၊ သူငယ်ချင်းတွေနဲ့ အင်္ဂလန် အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ၊ ဒါ့အပြင် ရွိုင်ရယ်မာဒန် ဆေးရုံမှ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် အသင်းမှာ တိုက်စစ်မှူး ရွန်းနီ ပွဲပယ် ခံထားရတာကြောင့် ၀ဲလ်ဘတ် နဲ့ အန်ဒီကာရိုးတို့ ပထမ ကစားသမား အဖြစ် ပွဲထွက် လာနိုင်ပါတယ်။ ဒီဖိုးဟာ အင်္ဂလန် အသင်းအတွက် ပွဲပေါင်း ၄၇ ပွဲ ကစားထားသူ ဖြစ်ပြီး ပွဲပေါင်း ၃၀ အရန် ကစားသမား အဖြစ် ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒီဖိုးဟာ အင်္ဂလန် အသင်းအတွက် ၁၅ ဂိုး သွင်းယူ ပေးထားပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ အမြဲတမ်း ရုန်းကန်ရလေ့ ရှိသူ တစ်ဦး ဖြစ်ပါတယ်။ ဒီဖိုးဟာ ပြီးခဲ့တဲ့ ရာသီက စပါး အသင်းမှာ ၃၈ ပွဲ ကစားခဲ့ပြီး ၁၇ ပွဲ အရန်ကစားသမား အဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၇ ဂိုး သွင်းနိုင်ခဲ့တာကြောင့် အင်္ဂလန် အသင်းမှာ  ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ စပါး အသင်းသား အားလုံးဟာ ဒီဖိုး အဖေရဲ့ နာရေး ကိစ္စနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်း စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

Post a Comment