Wednesday, June 6, 2012

အိန္ဒိယတွင် ပင့်ကူကြီးများ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အစွန်အဖျား ကျသော နေရာတွင် ရှိသည့် ဒေသခံ ကျေးရွာသားများမှာ ကြီးမားသည့် ပင့်ကူကြီးများ၏ တိုက်ခိုက်မှုကိုခံလိုက်ရပြီးနောက် အကိုက်ခံရပြီး လူ ၂ ဦး သေဆုံးခဲ့
ရကြောင်း သိရသည်။ တာဝန်ရှိသူများ၏ အပြောအရ ယခုလို အကိုက်ခံရသူများမှာ ယင်းပင့်ကူများ၏ အဆိပ်ကြောင့် သေဆုံးခြင်းလော သို့မဟုတ် ရိုးရာ နတ်ဆရာများမှ ဒဏ်ရာကို ဘလိတ်ဓါးဖြင့် လှီးပြီးနောက် သွေးဆိုးများ ဖောက်ထုတ်ရန် လုပ်ဆောင်မှုကြောင့်လား ဆိုသည့် အဖြေကိုမူ မရေမရာ ဖြစ်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ဒေသခံ ရာဇဝတ် တရားသူကြီး ဖြစ်သူ၏ အပြောအရ သေဆုံးသူများကို ရင်ခွဲ စစ်ဆေးမှု မပြုလုပ်ရသေးမီ အချိန်အတွင်း မီးသဂြိုဟ်လိုက်ကြောင်း ပြောခဲ့သည်။ နောက် ထပ်သော အကိုက်ခံရသူ လူ ၇ဦးမှာမူ ဒါးဖြင့် ဒဏ်ရာမှ သွေးများကို ဖောက်ထုတ်မှု ပြုလုပ်ခြင်း ခံခဲ့ရပြီး ပဋိဇီဝ ဆေးများဖြင့် ကုသနေကြောင်း ပြောခဲ့သည်။ အမွေးအမှင် ထူထပ်သည့် အဆိုပါ ပင့်ကူကြီးများမှာ လွန်ခဲ့သည့် တစ်လအကြာက Tinsukia  ခရိုင် အတွင်းတွင် တွေ့ရှိခဲ့ကြောင်း သတိပြုမိခဲ့ပြီးနောက် ယခုလို လူများကို တိုက်ခိုက်မှု ပြုလာခြင်း ဖြစ်သည်။ ယင်းဒေသတွင် အဆိုပါ ပင့်ကူပေါင်း တစ်သိန်းခန့် ရှိကြောင်းလည်း သိရသည်။
The Wall Street Journal

No comments:

Post a Comment