Monday, June 11, 2012

စပါး အသင်းနှင့် လမ်းခွဲဖို့ နီးစပ်လာသည့် ရက်နက်

စပါးနည်းပြ ရက်နက်ဟာ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ရက်နက်ဟာ စပါး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရန် ကိစ္စအဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ဒီလကုန်မှာ အသင်းနဲ့ လမ်းခွဲဖွယ် ရှိပါတယ်။ ရက်နက်ဟာ စပါး အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသူ ဖြစ်ပြီး ကာလရှည် စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရက်နက်ဟာ စပါးအသင်း ဥက္ကဌ ဒါနီရယ်လီဗီးနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အဆိုပါ သတင်းတွေကို ရက်နက်က ငြင်းဆိုထားပါတယ်။ ရက်နက်ဟာ အင်္ဂလန် နည်းပြ နေရာကို ဆက်ခံနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့ နောက်ပိုင်း စပါး အသင်းနဲ့ ဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။ ရက်နက်က လက်ရှိအချိန်မှာ စပါး အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိသေးကြောင်း ၊ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လီဗီးနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း ၊ အင်္ဂလန် နည်းပြ ရာထူးအတွက် ချည်းကပ်မှု မပြုလုပ်ခဲ့ဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ နည်းပြသစ် နေရာမှာ ရွိုင်းဟော်ဆန်ကို ခန့်အပ်ခဲ့ပေမယ့် စပါး အသင်းကတော့ ရက်နက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားမှု မအောင်မြင်သေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စပါး အသင်းဟာ လာမယ့်ရာသီ မစတင်မီ ရက်နက်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ စပါး အသင်းမှ ထွက်ခွါဖွယ် ရှိတဲ့ ရက်နက်ကို ဒူဘိုင်းကလပ် အသင်းတွေက ကမ်းလှမ်းဖွယ် ရှိပါတယ်။ ဒူဘိုင်း ကလပ် အသင်းတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်က ရက်နက်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment