Sunday, June 17, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူပွဲ အခမ်းအနား မြင်ကွင်း ဓာတ်ပုံများ..

၁၉၉၁ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့   နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအား ၂၁နှစ်ကြာ ဒီကနေ့မှာတော့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဂုဏ်ပြုပွဲ အခမ်းအနားနဲ့ လက်ခံရယူခဲ့ပါတယ်.။

 ခန်းမထဲမှာ ရှိတဲ့ ပရိသတ်အားလုံး သောင်းသောင်းဖြဖြ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ကြိုဆိုကြပါတယ်..။ ဒီပုံထဲမှာ အောက်မှာ ရပ်ပြီး လက်ခုပ်တီး ချီးမြှင့်သူ တွေကတော့ ညာအစွန်မှ နော်ဝေ အိမ်ရှေ့မင်းသား Mr.Haakon, နော်ဝေဘုရင်မ Mrs. Sonja ဘုရင် Mr.Herald တို့ဖြစ်ပါတယ်...။ 
ခန်းမရဲ့ ရှေ့ဆုံးတန်းမှာ ထိုင်နေကြတာကတော့  ညာအစွန် ကွယ်လွန်သူ မိုက်ကယ် အဲရစ်ရဲ့ အမွှာညီအကို Anthony Aris၊ အမေစုရဲ့သား Kim Aris, ၁၉၉၁ အမေစု နိုဘယ်ဆုရတဲ့ နှစ်က ဆုချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌ Francis Sejerstedတို့ပါ..။ နောက်တန်းမှာတော့ ကိုဇေယျာသော်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် ဦးထာဝရနဲ့ ဧည့်ပရိသတ် မြင်ကွင်းဓာတ်ပုံပါ..။
ဒီနေ့ နော်ဝေနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ကြိုဆိုနေကြပုံ.. ရှေ့ဆုံးကတော့ ၂၀၀၇ခုနှစ်
 ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ထာဝရပါ..

ဓာတ်ပုံများ AP, Reuters

No comments:

Post a Comment