Thursday, June 28, 2012

အစားအသောက်နှင့် ဆေးဝါး ဌာနမှ ကိုယ်အလေးချိန် လျော့သည့် ဆေးတစ်မျိုးကို ခွင့်ပြုပေးခဲ့

Arena Pharmaceutical  ကုမ္ပဏီမှာ အမေရိကန် ပြည်ထောင်စု အတွင်းတွင် အမြတ်အစွန် များစွာကို ရရှိနိုင်မည့် ခွင့်ပြုချက် တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

အင်္ဂါနေ့က အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန FDA မှ Arena ၏ ကိုယ်အလေးချိန် လျော့ချနိုင်သည့် ဆေးတစ်မျိုး ဖြစ်သော Belviq ကို တရားဝင် ဖြန့်ချိ ရောင်းချခွင့် ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။

ယခုလို ခွင့်ပြုချက်ပေးသည့် အချိန်မှာ ဆရာဝန်များ အနေဖြင့် အမေရိကန် ပြည်ထောင်စုရှိ မြင့်တက်လာသော အဝလွန်သူ ပမာဏနှင့်အတူ ၎င်းတို့၏ အဝလွန် လူနာများကို ကုသရန် အတွက် ဆေးများကို လိုက်လံ ရှာဖွေနေချိန်တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ဆေးခန်းအဆင့် စမ်းသပ်ချက်များ အရ ယခုဆေးမှာ အတန်အသင့်သာ ကိုယ်အလေးချိန် လျော့ချမှုကို ဖြစ်စေနိုင်သော်လည်း FDA ၏ ဘေးကင်းရေး စံချိန်များနှင့် ကိုက်ညီသဖြင့် ယခုလို ခွင့်ပြုချက် ရခဲ့ခြင်း ဖြစ်သည်။

ယခုဆေးမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က တစ်ကြိမ် လျှောက်ထားခဲ့ရာတွင် အစိုးရမှ သတ်မှတ်ထားသည့် စံနှုန်းနှင့် မကိုက်ညီသဖြင့် ပယ်ချခံခဲ့ရကာ ယခုမှသာ ပြန်ပြီး ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုဆေးကို ဆေးခန်းများတွင် အဝလွန်သူများ ဖြစ်ပွားလေ့ ရှိသည့် သွေးပေါင်ချိန် မြင့်တက်ခြင်းနှင့် အမှတ် ၂ အမျိုးအစား ဆီးချို ရောဂါစသည့် ရောဂါတစ်မျိုးထက် ပိုသူများ အတွက် သုံးစွဲနိုင်ရန် ခွင့်ပြုပေးခြင်းလည်း ဖြစ်သည်။
CBS

No comments:

Post a Comment