Saturday, June 16, 2012

နေပြည်တော်မှ အင်တာနက်ဖုန်းအသုံးပြုသူများ ဆိုင်များကိုသာ အားကိုးနေရဆဲ

နေပြည်တော်ဒေသတွင်းမိုဘိုင်းဖုန်းအင်တာနက်တပ်ဆင်အသုံးပြုရာတွင်အင်တာနက်မြန်နူန်းနှေးကွေး
နေခြင်းကြောင့်  လျှောက်ထားအသုံးပြုသူများအနေဖြင့်အင်တာနက်ဆိုင်များကိုသာအားထားနေရဆဲ
ဖြစ်သည်။
 
“ဖုန်းကအင်တာနက်သုံးလို့ရတယ်ဆိုတော့သိချင်တာလေးတွေရှိရင်ညဆိုရင်လည်းအဆင်ပြေတယ်ဆိုပြီး
 လျှောက်တာ အခုတော့ ဆိုင်မှာပဲ ပြန်သုံးနေရတယ်”ဟု နေပြည်တော်၊ရွာတော်မှကိုဇာကြီးက ပြောသည်။
 
မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခသည် တစ်နာရီလျှင် (၁၂၀) ကျပ်သာ ကုန်ကျသော်လည်း အချိန်ကြန့်ကြာမှု၊ အင်တာနက် လိုင်းနှေးကွေးမှုများ ကြုံတွေ့ရကြောင်း၊ အင်တာနက်ဆိုင်များ၌ သုံးစွဲခ တစ်နာရီလျှင် ကျပ် (၄၀၀) ပေးရသော်လည်း အင်တာနက် လိုင်းမြန်ဆန်မူကြောင့် အချိန်ကုန်သက်သာကြောင်း ဒေသခံများက ဆိုသည်။
 
“ဆိုင်တွေမှာ တစ်နာရီသုံးရတာကို ဖုန်းနဲ့ နှစ်နာရီလောက် သုံးနေရရင် အချိန်ပိုကုန်ပိုက်ဆံကုန်တာပဲ။ သုံးစွဲခကိုအရင်အတိုင်းပဲ   ကောက်ပြီး အင်တာနက်မြန်နူန်းသွက်အောင် လုပ်တာပို အဆင်ပြေမယ်ထင်တယ်။ အခုက အင်တာနက်လိုင်းကလည်း   နှေးသေးတယ်။ ပိုက်ဆံကလည်း ပိုကုန်တယ်”ဟု နေပြည်တော်၊ ပျဉ်းမနားပန်းခင်း(၃)မှ ကိုသူရထွန်းက ပြောသည်။
 
မိုဘိုင်းဖုန်းများတွင် အင်တာနက်လျှောက်ထားနိုင်ခြင်းကို ၂၀၁၂ခုနှစ်၊ မေလ(၇)ရက်နေ့တွင် စတင်ခဲ့ကြောင်း နှင့်   နေပြည်တော်ဒေသတွင်း GSM ဖုန်းသုံးစွဲသူများပြီး အင်တာနက်လိုင်း လျှောက်ထားသူ နည်းပါးကြောင်း သိရသည်။
 
“အင်တာနက် လိုင်းကောင်း၊ မကောင်းဘူးဆိုတာက ဖုန်းဟန်းဆက် အမျိုးအစားနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ဒါပေမယ့်အင်တာနက်သုံးတဲ့သူရော လျှောက်တဲ့သူလည်းနည်းတယ်”ဟု
 နေပြည်တော်၊ ပျဉ်းမနား၊ ပေါင်း လောင်း ရှိ Mobile Mate ဖုန်းအရောင်းအဆိုင်က ပြောသည်။
 
GSM 2.75G (EDGE) ဖုန်းအင်တာနက်လျှောက်ထားရာတွင် ကနဦးတပ်ဆင်ခ တစ်သောင်းကျပ်၊ မှတ်ပုံတင် မိတ္တူနှင့် အရောင်းအ၀ယ်စာချုပ် (ငှားရမ်းစာချုပ်)များ လိုအပ်ကာ သုံးစွဲခအနေဖြင့် တစ်မိနစ် (၂)ကျပ်နှုန်း ကုန်ကျသည်။
 
လက်ရှိတွင် GSM မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲထက် CDMA 800 (EVDO)ဖုန်း အင်တာနက်လိုင်းများမှာ ပိုမိုဆက်သွယ်မှု အားကောင်းကြောင်း သုံးစွဲသူများက ဆိုသည်။
အောင်ကိုကိုလတ် (မြစ်မခ)

No comments:

Post a Comment