Tuesday, June 12, 2012

အာဖဂန် ပြန်လည် တည်ဆောက်ရေး အပြည်ပြည်ဆိုင်ရာ ညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်

ဂျပန်အစိုးရက ကြီးမှူးကျင်းပမယ့် အာဖဂန် ပြန်လည်တည်ဆောက်ရေး အပြည်ပြည်ဆိုင်ရာ ညီလာခံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်မယ်လို့ သိရပါတယ်။ ဒီလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်မယ့်အကြောင်း အမေရိကန်အစိုးရက ဂျပန်နိုင်ငံထံ အကြောင်းကြားပြီးဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လာမယ့် ဇူလိုင်လ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများနဲ့ အဖွဲ့အစည်း ၇၀ခန့် တက်ရောက်ကြမယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ် အကောင်အထည်ဖော်ရာမှာ အမေရိကန်နိုင်ငံကပါ ပူးပါင်းပါဝင်ဖို့ ဂျပန်နိုင်ငံက မျှော်လင့်နေပါတယ်။ အဲ့ဒီအစည်းအဝေး မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရို ဂမ်ဘာက သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုလည်း ၎င်းကပဲ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ကမ္ဘာ့နိုင် ငံ တော်တော်များများကလည်း ဥရောပကြွေးမြီ အကြပ်အတည်းကြောင့် အခက်တွေ့နေရတဲ့အတွက် ဒီလိုအာဖဂန် နစ္စတန်နိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေး ကဏ္ဍကို ဦးစီးဆောင်ရွက်ဖို့ရာ ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထံမှ ဘဏ္ဍာရေး ထောက်ပံ့မှု လုံလောက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment