Friday, June 1, 2012

မန်ယူ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာသည့် ကာဂါဝါ

မန်ယူ အသင်းသည် ဒေါ့မွန် အသင်းရဲ့ ကွင်းလယ် ကစားသမား ရှင်ဂျီကာဂါဝါကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် အပြီးသတ် ခေါ်ယူ စာချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ အသက် ၂၃ နှစ် အရွယ်ရှိ ကာဂါဝါဟာ လက်ရှိ အချိန်မှာ သူရဲ့ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ အတူတူခြေစမ်းပွဲများ သွားရောက် ကစားနေတာကြောင့် အေးဂျင့် ဖြစ်သူနဲ့သာ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် ကနဦး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ကာဂါဝါရဲ့အပြောင်းအရွှေ့ဟာ လက်ရှိအချိန်မှာ ပုဂ်္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိ ခဲ့တာ ဖြစ်ပေမဲ့လည်း စာချုပ်ပါ အချက်အလက်တွေ အရ ကာဂါဝါရဲ့ ပွဲကစားခွင့်နဲ့ ခြေစွမ်းပိုင်း ဖလား ရရှိမှုတွေက ပြောင်းရွှေ့ကြေးမှာ ထပ်မံ တိုးမြင့်လာမှာ ဖြစ်တယ်လို့ ပါရှိနေတာ ဖြစ်ကာ အနည်းဆုံး ပေါင် ၁၇ သန်းခန့် ရှိလာမှာ ဖြစ်ပါတယ်။ မန်ယူ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ကာဂါဝါကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ တောင်ကိုရီးယား ကစားသမား ပက်ဂျီဆန်ဟာ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တာကြောင့် အသင်းရဲ့ဈေးကွက် ထိုးဖောက်ရာမှာ အထောက်အကူ ဖြစ်နိုင်စေရန် ကာဂါဝါက  စွမ်းဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ မန်ယူ အ သင်းဟာ အစောပိုင်းတုန်းက လိုင်လီ အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဟာဇက်ဒ်ကို ခေါ်ယူရန် ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ အောင်မြင်မှု မရရှိခဲ့တာကြောင့် အခုလို ကာဂါဝါကို ခေါ်ယူခဲ့တာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment