ဒီလို ကုမ္ပဏီတွေ ထဲမှာ သက်တမ်း ကုန်ဆုံးပြီး သက်တမ်း မတိုးတဲ့ ကုမ္ပဏီ
တွေဟာ စုစုပေါင်း တစ်ထောင့် ကိုးရာကျော် လောက်ရှိပြီး အဆိုပါ ကုမ္ပဏီတွေ ထဲက
ကုမ္ပဏီ အချို့သာ သက်တမ်းတိုး ခြင်းရှိ၊ မရှိနဲ့ ယခု လက်ရှိ လုပ်ငန်း
ဆောင်ရွက်မှု တွေကို ပြန်လည် အကြောင်း ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြန်လည် အကြောင်းပြန်ခြင်း မရှိတဲ့ ကုမ္ပဏီတွေ ကိုတော့
နောက်တစ်ပတ်မှာ ၀န်ကြီး ဌာနရဲ့ စီမံခန့်ခွဲမှု ကော်မတီနဲ့ အစည်းအဝေးနဲ့ အထက်
အဆင့် အစည်းအဝေး များမှာ တင်ပြပြီး သက်တမ်း မတိုးတဲ့ ကုမ္ပဏီတွေ အတွက်
လုပ်ဆောင်မှု တွေကို ထပ်မံ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကုမ္ပဏီများ အတွက် သက်တမ်းများ လိုင်စင် တင်ခွင့်ပြုမှုဟာ
ယခင်က လိုင်စင် သက်တမ်း ၂ နှစ်သာ ခွင့်ပြုခဲ့ ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၁
ခုနှစ် မှာတော့ ကုမ္ပဏီရဲ့ လိုင်စင် သက်တမ်းကို ၃ နှစ်အထိ တိုးမြှင့်
ခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။
MRTV4

No comments:
Post a Comment