Saturday, June 16, 2012

ဂတ်တူဆိုကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်သည့် ဂါလာတာ စာရေး အသင်း

တူရကီ ကလပ် အသင်းဖြစ်တဲ့ ဂါလာတာ စာရေး အသင်းဟာ ဂတ်တူဆိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဂါလာတာ စာရေး အသင်းဟာ
အေစီမီလန် ကွင်းလယ် ကစားသမားဟောင်း ဂတ်တူဆိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဂါလာတာ စာရေး အသင်း နည်းပြ ဖြစ်သူ ဖာတစ်တာရင်ဟာ လာမယ့် ဘောလုံး ရာသီမှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်လိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဖာတစ်တာရင်ဟာ အသက် ၃၄ နှစ်ရှိ အေစီမီလန် အသင်းမှာ ၁၉၉၉ ခုနှစ်ထဲက စတင် ကစားခဲ့သူ ဖြစ်ပြီး အသင်းမှာ ၁၃ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဂတ်တူဆိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒဏ်ရာကြောင့် ကာလ အတော်ကြာ အနားယူခဲ့ရပါတယ်။ ဂတ်တူဆိုဟာ အရန်ခုံမှာ ထိုင်ရတာကို မနှစ်သက်တာကြောင့် အေစီမီလန် အသင်းကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂါလာတာ စာရေး အသင်းဟာ လက်ရှိ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂတ်တူဆိုကို ခေါ်ယူမယ်ဆိုရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဂတ်တူဆိုဟာ အစောပိုင်းတုန်းက စကော့တလန် ကလပ် ရိန်းဂျား အသင်းနဲ့ ဆက်သွယ်ခဲ့ဖူးပြီး အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။
ဂါလာတာစာရေး အသင်းဟာ ဂတ်တူဆိုကို တစ်နှစ် သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆို လိုနေပြီး တစ်နှစ်လုပ်ခ ယူရို (၁.၅)သန်းလောက် ပေးချေဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment