Wednesday, June 6, 2012

အီးတီများ ရှာဖွေမှုတွင် အချက်ပေးမှု လက်ခံခဲ့ခြင်း မရှိ

အခြားသော ဂြိုဟ်များအတွင်း လူသားများ ကဲ့သို့သော သက်ရှိများ ရှိနေနိုင်ခြင်း ရှိ ၊ မရှိဆိုသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး နည်းပညာ အသစ်များကိုအသုံးချကာ အီလက်ထရွန်းနစ် လှိုင်းများကို သုံးစွဲ ရှာဖွေမှုနှင့် ပတ်သက်ပြီး အဖြေသစ် ထွက်ပေါ်လာခြင်း မရှိခဲ့ကြောင်း သိရသည်။

သြစတြေးလျ အာကာသိပ္ပံပညာရှင်များမှာ လူသားများကဲ့သို့ သက်ရှိများ နေထိုင်နိုင်လောက်သည့် Gliese 581 ခေါ် ကြယ်တစ်လုံးနှင့် ယင်းကို လှည့်ပတ်နေသည့် ဂြိုဟ်များကို လှိုင်းများ ထုတ်လွှင့်ပြီး စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ အခြားသော  ဂြိုဟ်ကမ္ဘာများတွင် သက်ရှိများ ရပ်တည်နိုင်မှု ရှိ ၊ မရှိကို စစ်ဆေးရာတွင် အလွန်ပင် ကျယ်ပြောသည့် ဂိမ်းတစ်ခုကို ကစားနေရသလိုပင် ဖြစ်ကြောင်းနှင့် ယခုလို ထွက်လာသည့် ရလာဒ်အတွက် စိတ်ပျက် အံ့အားသင့်စရာ လိုမည် မဟုတ်ဟုလည်း အဆိုပါ အဖွဲ့မှ အွန်လိုင်းက တစ်ဆင့်ပြောခဲ့သည်။ ကမ္ဘာကြီး တည်ရှိရာ နေအဖွဲ့အစည်း အတွင်းတွင် အခြားသော သက်ရှိများ ရပ်တည်နိုင်ခြင်း ရှိ ၊ မရှိဆိုသည့် ကိစ္စအတွက် လွန်ခဲသည့် နှစ်များက စတင်ကာ စိတ်ဝင်စား လာကြခြင်း ဖြစ်ကာ အပူနှင့်အအေး မလွန်ကဲသည့် ဂြိုဟ်များကို ပိုမို မျက်စီကျ စူးစမ်းနေကြခြင်းလည်း ဖြစ်သည်။
BBC news

No comments:

Post a Comment