Friday, June 8, 2012

လူမျိုးရေး ခွဲခြားမှု ဖြစ်ပါက ပွဲကို ရပ်ဆိုင်းနိုင်ကြောင်း ပြောဆိုခဲ့သည့် ပလာတီနီ

ယူရို ၂၀၁၂ ပြိုင်ပွဲတွင် လူမျိုးရေး ခွဲခြားမှု ဖြစ်ပွားပါက ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းပြီး ဖြေရှင်းနိုင်ကြောင်း ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီကထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ပွဲကို ရပ်ဆိုင်းခြင်းဟာ လူမျိုးရေး ခွဲခြားမှုတွေကို ရပ်တန့်နိုင်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း ပလာတီနီက BBC  ပရိုဂရမ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပလာတီနီက ပြိုင်ပွဲတွေမှာ လူမျိုးရေး ခွဲခြားမှု ဖြစ်ပွားပါက ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ်ပြီး ပြဿနာကို ဖြေရှင်းနိုင်ကြောင်း ၊  ပိုလန် နဲ့ ယူကရိန်း နိုင်ငံတွေမှာ လူမျိုးရေး ခွဲခြားမှုတွေ ပေါ်ပေါက်နေတယ်လို့ သတင်း ထွက်နေကြောင်း ၊  မိမိတို့ဟာ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ အများအပြား ပြုလုပ်နေပေမယ့် ဒီကိစ္စဟာ လူအဖွဲ့အစည်း အပေါ်မှာ တာဝန်ရှိကြောင်း ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ထိန်းသိမ်းနိုင်ဖို့ဆို တာ မလွယ်ကြောင်း ၊ နိုင်ငံတွေဟာ အတိတ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြား ပြဿနာ အနည်းငယ် ရှိကြောင်း ၊ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ပိုလန်နဲ့ယူကရိန်း နိုင်ငံတို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပလာတီနီက လူမျိုးရေး ခွဲခြားမှုများဟာ ပိုလန်နဲ့ယူကရိန်း နိုင်ငံတို့မှာသာ ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ၊ အမေရိကန် ၊ အင်္ဂလန်နဲ့ ပြင်သစ် နိုင်ငံတွေမှာလည်း လူမျိုးရေး ခွဲခြားမှုတွေ ရှိကြောင်း ထပ်မံ ပြောဆိုခဲ့ပါတယ်။ ယူကရိန်း နိုင်ငံ သမ္မတ ယာနူကိုဗက်ခ်ျက ယူရို ပြိုင်ပွဲမှာ ဆိုးသွမ်းတဲ့ ပရိသတ်တွေကြောင့် လူမျိုးရေး ခွဲခြားမှု ပေါ်ပေါက်မှာကို စိုးရိမ်မိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

Post a Comment