Thursday, June 21, 2012

စစ်ကိုင်းတိုင်းဒေသကြီး၏ ဆဌမအကြိမ်မြောက် ကွန်ပျူတာနှင့် မိုဘိုင်းနည်းပညာပြပွဲကို မုံရွာမြို့၌ကျင်းပ


စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဆဌမအကြိမ်မြောက် ကွန်ပျူတာနှင့် မိုဘိုင်းနည်းပညာပြပွဲကို မုံရွာမြို့ မြို့တော်ခန်းမ၌ ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါ ကွန်ပျူတာနှင့် မိုဘိုင်းနည်းပညာပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ နည်းပညာကုမ္ပဏီပေါင်း ၂၀ ၀န်းကျင်မှ ကွန်ပျူတာနည်းပညာပစ္စည်းများနှင့် မိုဘိုင်းဟန်းဆက်အမျိုးမျိုးတို့ကို ခင်းကျင်းပြသခဲ့သည်။ ဒေသတွင်း၌ ကွန်ပျူတာနည်းပညာနှင့် မိုဘိုင်းနည်းပညာများ ပြန့်ပွားမှုရှိစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဒေါ်ယုယုကြွယ်ကဆိုသည်။ ပြပွဲ၌ ကွန်ပျူတာနည်းပညာပစ္စည်းများနှင့် မိုဘိုင်းနည်းပညာပစ္စည်းများကို ရောင်းချခဲ့သည့်အပြင် နည်းပညာဆိုင်သင်တန်းများနှင့် အခြားသော နည်းပညာဆိုင်ရာပစ္စည်းများလည်း ၀င်ရောက်ပြသခဲ့သည်။
Internet Journal

No comments:

Post a Comment